Our Dirty Little Secret Complete

16K 295 134
                                    


ဒီနေ့ မှဘာရယ်မသိ
coat အင်္ကျီ အနက်ရောင်ကို
ညီအစ်ကိုနှစ်ယောက်လုံးမတိုင်ပင်ထားပဲ ဆင်တူဝတ်လာမိကြသည်။

Church ထဲကိုအစောဆုံးရောက်လာကြတာမို့
လူရှင်းတဲ့ရှေ့ဆုံးခုံတန်းရှည်မှာ ငြိမ်သက်စွာထိုင်နေခဲ့ကြသည်။

အတန်ကြာတဲ့ထိစကားမပြောကြသေးပဲ
သူတို့ရှေ့မှောက်က ယေရှုခရစ်တော်​၏ပုံ
ကိုနှစ်ယောက်စလုံးပြိုင်တူငေးနေမိကြသည်။

" ဘုရားက ဖြောင့်မတ်တဲ့သူတွေဆုတောင်းရင်
ဖြည့်ဆည်းတယ်တဲ့
အခုချိန်ထိဆုတောင်းမပြည့်တာမဖြောင့်မတ်လို့ဆိုရင်
ငါကတော့ထားပါတော့
မင်းကရောမဖြောင့်မတ်ခဲ့လို့လား"

အစ်ကိုဖြစ်သူကတိတ်ဆိတ်နေတဲ့ ဘုရားကျောင်းအတွင်းစကားသံတွေပထမဆုံးထိုးခွင်းလိုက်တော့
ညီဖြစ်သူကခပ်ဖွဖွရယ်လိုက်သည်။

" ကျွန်တော်လည်းအမှန်တော့
မဖြောင့်မတ်ခဲ့ဘူးအစ်ကိုရဲ့

ကျွန်တော်အလစ်သုတ်သမားဖြစ်ခဲ့ဖူးတယ်
ခါးပိုက်နှိုက်လုပ်ခဲ့ဖူးတယ်

နောက်ပြီး လူတွေအပေါ်ကို
ဟန်ဆောင်ပြီးဒုက္ခပေးဖူးတယ်

အထူးသဖြင့် အစ်ကို့ကိုပေါ့

ငယ်ငယ်က အစ်ကို့ကိုမနိုင်လို့
အစ်ကိုအိပ်ရာပေါ်သေးပန်းခဲ့တာတို့

နောက်ပြီး အမေတို့ ဆူအောင်အကို့ကျောပိုးအိတ်ထဲ cigarette တွေထည့်ခဲ့တာတို့အားလုံးကျွန်တော်လုပ်တာတွေချည်းပဲ

နောက်ပြီး"

" ရှိသေးတာလား"

အစ်ကိုသည်စိတ်မဆိုးပဲ သူပြောသမျှကို မျက်ခုံးတွေပင့်ကာတအံတဩရယ်မောကာနားထောင်နေတော့သည်။

" ရှိသေးတယ်
အစ်ကိုစာအုပ်တွေကို အိမ်နောက်ကအမှိုက်ပုံထဲသွားပစ်တာတို့
အစ်ကိုသောက်မဲ့ရေထဲ အိမ်သာရေတွေဖြည့်တာတို့"

" ဖွီ... မသာလေး မင်းတော်တော်ဆိုးပါလား"

အစ်ကိုသည် ပထမဦးဆုံးအကြိမ်အဖြစ်
သူ့ခေါင်းကို ခပ်ဖွဖွပုတ်လိုက်သည်။

Our Dirty Little SecretWhere stories live. Discover now