Our Dirty Little Secrets 9

10.4K 301 126
                                    



မျက်လုံးကိုအသာအယာဖွင့်ကြည့်လိုက်တော့
သူမကိုငေးစိုက်ကြည့်နေခဲ့သည့် မျက်ဝန်းညိုတစ်စုံအား
ရင်ဆိုင်တွေ့လိုက်ရတော့သည်

" နိုးပြီလားညက
Babe ကို့ကိုဘာတွေလုပ်ခဲ့လဲမှတ်မိလား"

ရေဗက္ကာ မနေ့ညကအဖြစ်အပျက်ကို
ဘာတွေဖြစ်လို့ဖြစ်ခဲ့မိမှန်းဘာမှမမှတ်မိပါ။

ပြူးကြောင်ကြောင်ဆံပင်စုတ်ဖွားနဲ့ ထို ဂြိုဟ်သူမလေးအား လွှမ်းနောင်စစ်သည်အသည်းယားစွာ
နှာခေါင်းလေးတွေဆွဲညှစ်လိုက်တော့သည်

လွန်ခဲ့တဲ့ ၈ နာရီ

ကုန်းပိုးရာမှ ထိုအရက်သမားလေးကို
ကုတင်ပေါ်ကိုအသာအယာချရင်းပြုံးကြည့်မိသည်

မိတ်ကပ်တွေအများကြီးမလိမ်းထားပေမဲ့
သူ့​၏ Babe သည် skin care ပြီးမှ အိပ်လေ့ရှိတာမို့
သူကိုယ်တိုင် စိတ်လိုလက်ရ Skin Care ပေးဖို့စဉ်းစားလိုက်သည်။

သူမရဲ့နသယ်စပ်မှဆံပင်အခွေတွေလေးအား အပျော့သား ဘီးကုပ်လေးနဲ့ဆွဲတင်ကာ

သူ့အိမ်မှာ သူမသုံးနေကြ skin care ပစ္စည်းတွေထားသည့် ဗီရိုအသေးလေးကိုဖွင့်ကြည့်လိုက်သည်

" step 1
step 2
step 3 ဘယ်လိုခွဲပါလိမ့်
Toner ပြီးမှ essence လား serum ဆိုတာကရောဘယ်အချိန်မှာလိမ်းတာလဲ"

တစ်ယောက်တည်းစိတ်ရှုပ်ထွေးစွာရေရွတ်ရင်း
ဘူးပိစိလေးတွေကိုတစ်မျိုးချင်းစီ ကိုင်ကြည့်နေခဲ့သည်

" အစကတည်းက လေ့လာထားရမှာ "

ဘယ်အရာပဲဖြစ်ဖြစ်အကျဲမှ အပျစ်ကိုလိမ်းရသည့် သဘောသဘာဝကိုတော့နားလည်တာမို့

အကျဲဆုံးအရည်ကိုအရင်လိမ်းပေးမည်ဟု တွေးရင်း
ဈေးကြီးသော ဘူးပိစိလေးများအား သူမအိပ်ရာဘေးကိုရွှေ့လာခဲ့သည်

ဝင်းလဲ့တင်းပြောင်နေတဲ့ သူမမျက်နှာလေးကိုငေးကြည့်ရင်း
ဘယ်ကစလိမ်းပေးရမှန်းသေချာမသိသေးပေမဲ့ ပါးပြင်လေးတွေကိုခပ်ဖွဖွထိကိုင်လိုက်သည်

" ကိုမင်းကိုတစ်နေ့တခြားပိုပိုချစ်လာအောင်
ဘာတွေလုပ်ထားလဲ"

Our Dirty Little SecretWhere stories live. Discover now