လေးထောက်စက်စက်စားပွဲလေးပေါ်မှ
ကော်ဖီခွက်ကိုအတန်ကြာငေးစိုက်ရင်း
ယခုထိဘာစကားမှမပြောတာမို့ အဲလ်နာချောင်းဟန့်လိုက်သည်။" ပြောချင်တာက အကို့ရည်းစားကို အကို့ညီက ကြာကူလီလုပ်နေတဲ့ ကိစ္စကို အကိုဘယ်လိုမှမခံစားရဘူးလား"
အဲလ်နာသည်သူ့ကိုစေ့စေ့ကြည့်ပြီးဆိုသည်။ဒီသပွတ်အူ ဟာ သုံးယောက်တည်းနဲ့ လုံးလည်ချာလည်လိုက်နေရာမှ ယခု အဲလ်နာပါဝင်လာခဲ့ပြီဖြစ်သည်။
" အဲလ်နာ ကျွန်တော်ပြောမယ်
ကျွန်တော်တို့ညီအကိုနှစ်ယောက်မှာ ပြဿနာတစ်ခုရှိနေတယ်"အဲလ်နာသည်လက်ကလေးပိုက်ပြီး မျက်မှောင်တွေကြုံ့နေခဲ့သည်။
" ကျွန်တော်က ရိပ်စစ်အစစ်ပဲအဲလ်နာ
ခင်ဗျားကို အရမ်းသဘောကျခဲ့တဲ့ ပန်းဆိုင်ကကောင်လေးက ကျွန်တော်ပဲ
အခုရိပ်စစ်ခန္ဓာကိုယ်ထဲမှာရှိနေတာလွှမ်းနောင်စစ်ပါ"သူ့စကားကို အဲလ်နာသည် မယုံတစ်ဝက်ယုံတစ်ဝက်ပင်တွေဝေမိတော့သည်။
သေချာပေါက်ရိပ်စစ်ဆီမှလည်းသေချာပေါက်ဒီလိုစကားမျိုးကြားဖူးခဲ့သည်မလားညီအစ်ကိုနှစ်ယောက်လုံးဝန်ခံနေတဲ့ဒီကိစ္စအား အဲလ်နာတကယ်ကို confuse ဖြစ်ရပါသည်။
" ကျွန်တော် accident ဖြစ်ပြီးနောက်ပိုင်း
နောက်တစ်နေ့ပြန်နိုးလာတော့ ကျွန်တော်ရောက်နေတာ india မှာ ကင်ဆာကြောင့် bond marrow transplant လုပ်ထားတဲ့ ကိုလွှမ်းနောင်စစ်ဖြစ်နေတယ်"" ခပ်ကြောင်ကြောင်ကိစ္စဆိုပေမဲ့ ကျွန်တော်တကယ်ပြောနေတာပါ"
သူ့မျက်ဝန်းတွေက သူမကို အားကိုးတကြီးရှင်းပြနေတာမို့ အဲလ်နာ ခေါင်းညိတ်ပြလိုက်တော့သည်။" ဒါဆို ကျွန်မ ကြိုက်မိတဲ့ရိပ်စစ်က
မမရဲ့ ရည်းစားလား"အဲလ်နာသည် မချင့်မရဲဆိုရင်း ရင်တွေပူလာတာမို့ ရှေ့မှာရှိတဲ့ ရေဖန်ခွက်ကိုမော့ချလိုက်သည်။
YOU ARE READING
Our Dirty Little Secret
RomanceDescription ရေးရင် spoiler တွေပါမှာစိုးလို့မရေးတော့ပါဘူး ဒီ Fic လေးမှာ ML နှစ်ယောက်ပါမှာပါ Mature on ပြီး Adult Scene တချို့ပါဝင်တာမို့ Sensitive ဖြစ်လွန်းသော Innocent လွန်းသော အပြစ်ကင်းစင်လွန်းသောဘေဘီလေးများနဲ့ GEEK ကြီးတွေလည်းကျေးဇူးပြုပြီးကျော်...