" ရှင်တို့ညီအကိုတွေပေါင်းပြီး
ကျွန်မကို prank လုပ်နေတာလား
ဘာလို့လဲ
ကျွန်မကိုလမ်းခွဲချင်လို့ သက်သက် လုပ်နေတာလားကို"ကုတင်ပေါ်မှာ ခပ်ကျုံ့ကျုံးလေးငိုနေခဲ့သော ရေဗက္ကာရဲ့ လက်တွေကို တယုတယ ကိုင်ထားတာက ရိပ်စစ်ခန္ဓာကိုယ်နဲ့ လွှမ်းနောင်စစ်ဖြစ်သည်။
" အခုဘယ်လိုတွေဆက်လုပ်ကြမှာလဲ"
နှစ်ယောက်စလုံးက အင်းမလှုပ်အဲမလှုပ်
ရေဗက္ကာပြောသမျှ ငြိမ်ခံနေကြသည်။"မင်းနဲ့ငါစည်းကမ်းထားရအောင်
ငါ မင်းအတွက်ကျောင်းဆက်တက်ပေးမယ်
မင်းက ငါ့အစားဟန်ပြအလုပ်လုပ်ပေး
ငါလည်းအဲလ်နာကိုမထိဘူး
မင်းလည်းရေဗက္ကာနားမကပ်နဲ့
မင်းလည်း မင်းနည်းမင်းဟန်နဲ့အဲလ်နာကိုရအောင်ကြိုးစား"အချင်းချင်းညှိနေတဲ့စကားမှာ အဲလ်နာဆိုတဲ့နာမည်ပါပါလာတာမို့ ရေဗက္ကာခေါင်းထောင်ကြည့်လိုက်သည်။
" အဲလ်နာက ဘယ်ကပါလာတာလဲ
သူကရောဘယ်သူနဲ့ ဘယ်လိုကြိုက်နေတာလဲ"" သူနဲ့ "
နှစ်ယောက်စလုံးတပြိုင်နက်အသံထွက်ပြီးတစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်လက်ညိုးထိုးနေပြန်သည်။
" ဘာလဲ ကိုက ရေဗက္ကာကို ဖောက်ပြန်ခဲ့တာပေါ့"
" မဟုတ်ဘူး babe"
၃ ယောက်တည်းနဲ့ ရှင်းလေ ရှုပ်နေသော သူတို့ပြဿနာသည် ဘဲဥအစရှာမရသလိုပင်
" အဲလ်နာက ရိပ်စစ်မျက်နှာကိုကြိုက်နေတာလေ
ဒီကောင်ရိပ်စစ်ကအဲလ်နာကိုကြိုက်နေတာ"" ရိပ်စစ်ကဘယ်သူ ကိုက ဘယ်သူလဲ
ရေဗက္ကာတကယ်စိတ်ရှုပ်နေပြီ"ရေဗက္ကာသည်မျက်နှာလေးရှုံ့တွရင်း ငိုတော့မဲ့ပုံပင်
" ဟုတ်ပါပြီ
အကို့ရုပ်နဲ့ ကျွန်တော်အဲလ်နာကိုလိုက်ပြီပဲထားပါတော့
ကျွန်တော်တို့လူမှန်နေရာမှန်ပြန်ဖြစ်ရင်ရော
အဲလ်နာမျက်စိထပ်လည်သွားမှာပဲ
ပြီးရင် မရေဗက္ကာရဲ့မိဘတွေကရော
အကိုတို့အသိုင်းအဝိုင်းကရော ကျွန်တော် အဲလ်နာနဲ့တွဲနေရင် အဆင်ပြေလား"
YOU ARE READING
Our Dirty Little Secret
RomanceDescription ရေးရင် spoiler တွေပါမှာစိုးလို့မရေးတော့ပါဘူး ဒီ Fic လေးမှာ ML နှစ်ယောက်ပါမှာပါ Mature on ပြီး Adult Scene တချို့ပါဝင်တာမို့ Sensitive ဖြစ်လွန်းသော Innocent လွန်းသော အပြစ်ကင်းစင်လွန်းသောဘေဘီလေးများနဲ့ GEEK ကြီးတွေလည်းကျေးဇူးပြုပြီးကျော်...