Our Dirty Little Secrets 5

16.6K 252 38
                                    



ချစ်ရသူရဲ့ရင်ခွင်ထဲမှာမှီတွဲရင်း

တိုက်အပေါ်စီးမှမြင်နေရသည့်
မြို့ပြရှူခင်းမီးလင်းလင်းလေးတွေ
ဟိုဒီသွားလာနေတဲ့ကားလေးတွေကို
ငေးကြည့်ရတာဟာအရသာအလွန်ရှိသလို

ကိုဖျော်ပေးတဲ့ whisky cocktail ကလည်း
အရသာအလွန်ရှိသည်။

" Babe"

ရီဝေမူးနောက်နေပေမဲ့
ကို့မျက်ဝန်းညိုတွေသည် မာကျူရီမီးရောင်တွေထက်တောက်ပနေခဲ့သည်။

ကိုဟာရေဗက္ကာအားအကြာကြီးငေးစိုက်နေတာမို့ ရေဗက္ကာမျက်လွှာလေးတွေပါချထားမိတော့သည်။

" ကိုတို့လက်ထပ်ကြမလား"

အတည်အတံ့မေးနေပေမဲ့ ရေဗက္ကာ ဟာဆံပင်အုံထူထူလေးတွေကိုဘယ်ညာသပ်ရွှေ့ရင်း သူ့ကိုမေးလေးထောက်ကာကြည့်သည်

" ကို မူးနေလား"

ကိုမူးနေသလားမေးတဲ့သူမလေးရဲ့အကြည့်ဟာလည်းရီဝေဝေသာ
ကြည့်ရတာဒီကောင်မလေးမူးနေပြီထင်​၏။

" မဟုတ်ဘူး Babe
ကိုတကယ်ပြောတာ
ကို အခု တည်ငြိမ်တဲ့ဘဝကိုရောက်ချင်ပြီ
ကို့မှာ သံယောဇဉ်တွယ်စရာ Babe ကလွဲရင်မရှိဘူး
ပြီးတော့...."

​တစ်ယောက်တည်းစကားတွေဆက်ပြောနေမိသည့် လွှမ်းနောင်စစ်သည်
ငြိမ်ကျသွားတဲ့ Babe ကို လှည့်ကြည့်လိုက်သည်။
Babe သည်သူပြောတာတွေမကြားတော့ပဲအိပ်ပျော်သွားခဲ့တဲ့ပုံပင်

" အိပ်ပျော်သွားပြီပဲ"

ချစ်ရသူရဲ့ နဖူးလေးကိုခပ်ဖွဖွနမ်းရင်း
အိပ်ရာပေါ်နေရာတကျချကာ
စောင်ကိုလည်ပင်းနားထိလွှမ်းခြုံပေးလိုက်သည်။

သူမခေါင်းလေးတွေအောက်ရောက်နေတဲ့
သူ့လက်တွေကိုအတက်နိုင်ဆုံးညှင်သာစွာဆွဲထုတ်လိုက်တော့ ရေဗက္ကာဟာ အနည်းငယ်လွန့်လူးလာခဲ့သည်။

" အိပ် အိပ် babe.... ကိုရှိတယ်"

ခေါင်းလေးတွေကို အသာအယာပုတ်ပေးတော့ သူမရဲ့မျက်နှာလေးဟာ အပူပင်မရှိပြန်အိပ်မောကျသွားတာမို့
သူဟာ ငေးမောရင်းပင်ရောယောင်ပြုံးမိတော့သည်။

Our Dirty Little SecretWhere stories live. Discover now