အဖြူရောင်အတန်းလိုက်စီထားသော
ဂါဝန်ဖားဖားကြီးတွေကြားမှခန္ဓာကိုယ်အားပေါ်စေသည့်
ရေသူမပုံစံနောက်တွဲဂါဝန်လေးကို
ရေဗက္ကာကိုင်လိုက်သည်" ဒါလေးဆို Babe နဲ့လိုက်မယ်ထင်လား"
" လိုက်တာပေါ့ ထင်းနေမှာ"
ကိုသည်စကားကိုရိုးရိုးမပြောပဲသူမရဲ့သစ်အယ်သီးတွေကို လူရှင်းတုန်းမှာဆုပ်နယ်ပြီးဖြေလိုက်တော့သည်။
" ဟာ... ရှင်ဘယ်လိုတောင်"
" ဒီလိုပဲလေ
ဒီလိုမဟုတ်ရင် ကိုယ်ဘယ်ဟုတ်မလဲ"ပြောပြောဆိုဆို အလိုက်ကမ်းဆိုးမသိတက်စွာ သူမရဲ့ offsholder ဝတ်ထားတဲ့ ပုခုံးသားလေးတွေကို နောက်ကျောဘက်မှ ငုံ့ကာနမ်းပြန်၏
ရေဗက္ကာသည် အနည်းငယ်တွန့်တွန့်လူးသွားရင်းဂုတ်ကလေးတွေကို ပုဝင်မိသည်ထိအသည်းယားမိတော့သည်
" ကိုရေ ကောင်မလေးတွေမြင်မယ်"
" အမ ဝတ်ကြည့်တော့မလား"
ပြောတုန်းဆိုတုန်း ဝန်ထမ်းကောင်မလေးတွေဝင်လာတာမို့ နှစ်ယောက်သားကိုယ်ရှိန်သတ်ရင်း ပြုံးစိစိဖြစ်နေခဲ့တော့သည်
ကိုသည် အဲ့လိုပင်
အမြဲလိုလို လူကိုကလိကလိဖြစ်စေဆဲပင်Babe သည် လှသော်လည်းဂျေးအလွန်များသည်
တစ်ထည်ပြီးတစ်ထည်ဝတ်ကြည့်သော မင်္ဂလာဝတ်စုံများကြားမူးနောက်သည်ထိဆုံးဖြတ်ပေးရသည်။" ဒါကျ နည်းနည်း over ဖြစ်နေလား"
" မဖြစ်ပါဘူး babe ရဲ့
ရေဗက္ကာရဲ့မင်္ဂလာဆောင်ပဲ
နည်းနည်းover ဖြစ်မှ သဘာဝကျမှာလေ""ဒါဆိုမဝတ်တော့ဘူး"
မျက်နှာလေးမဲ့ ကာ ရေဗက္ကာသည် နောက်တစ်ထည်ဝတ်ရန် ကန့်လန့်ကာကြီးနောက်ဝင်သွားပြန်သည်။
" ကိုဒါရော"
" အရမ်းလှတယ် ဒါပဲရွေးလိုက်တော့ babe"
YOU ARE READING
Our Dirty Little Secret
RomanceDescription ရေးရင် spoiler တွေပါမှာစိုးလို့မရေးတော့ပါဘူး ဒီ Fic လေးမှာ ML နှစ်ယောက်ပါမှာပါ Mature on ပြီး Adult Scene တချို့ပါဝင်တာမို့ Sensitive ဖြစ်လွန်းသော Innocent လွန်းသော အပြစ်ကင်းစင်လွန်းသောဘေဘီလေးများနဲ့ GEEK ကြီးတွေလည်းကျေးဇူးပြုပြီးကျော်...