Our Dirty Little Secrets 12

9.5K 243 77
                                    

Mr Hlawn Naung Sit ဆိုတဲ့
လူနာအခြေအနေနဲ့ ပတ်သတ်ပြီး
ပြောချင်လို့ပါကအစပြုပြီး ပို့ထားသည့်

Chaaya ဆိုသောအမည်နှင့် mail တစ်စောင်ကြောင့်
ရေဗက္ကာဟာ ရင်တွေပန်းတွေတုန်ယင်နေသည့်ကြားကဖွင့်ဖတ်လိုက်ရသည်

Bond marrow transplant လုပ်တာအောင်မြင်ခဲ့သော်လည်း နောက်ဆက်တွဲ GvHD ကြောင့် သတိလစ်မေ့မြောနေခဲ့သော ကိုသည် coma ဝင်သွားမှာစိုးရိမ်သည်ဟုဆိုသည်။

အောက်က ဆေးရုံနာမည်နဲ့ လိပ်စာ
နောက်ပြီးလူနာစောင့်မရှိတဲ့အခြေအနေကြောင့်
ရေဗက္ကာအားလာစေချင်သည့်ပုံရေးထားသည်။

စာဖွင့်ဖတ်ပြီးပြီးချင်း
မျက်ရည်တွေရွှဲနစ်သည်ထိငိုရလွန်းလို့ရေဗက္ကာခေါင်းတွေကိုက်ခဲကုန်သည်။

မရောက်လာတော့သည့် နှင်းဆီဖြူဖြူတွေကိုလွမ်းသည်။ 
ကို့ကိုနင့်နင့်သီးသီးလွမ်းသည်
ဟန်မပျက်နေနေပေမဲ့ လူကအကြိမ်ကြိမ်ပြိုလဲချင်နေတော့သည်။

" India ကို လိုက်သွားရင် visa
ဘယ်လိုလျောက်ရမလဲ"

ဘေးနားမှလုပ်ဖော်ကိုင်ဖက်တချို့ကိုမေးလိုက်ရင်း ရေဗက္ကာသည် ကို့နောက်လိုက်သွားဖို့ ဆုံးဖြတ်လိုက်သည်။

                               ....................

ဆေးရုံကြီးအတွင်းရှိ

radiotherapy ငှာနအတွင်း ည ၇:၀၀ မို့ လူရှင်းစပြုလာပြီဖြစ်သည်။

House surgeon တွေအများစု တဖွဲဖွဲပြန်ကြတဲ့ထဲ
ကားလီဘာသံတဝူးဝူးကြောင့် ရေဗက္ကာတစ်ယောက်မျက်ခုံးတွေပင့်တင်ပြီးကြည့်လိုက်သည်

" အဲ့ဒီ့ကားကဆေးရုံထဲဘယ်လိုမောင်းနေတာလဲ"

​ပါးစပ်က ခပ်ဖွဖွကျိန်ဆဲပေမဲ့ မောင်းလာတဲ့သူသည် ဟိုနေ့က ကို့အခန်းထဲမှာတွေ့လိုက်ရတဲ့သူမို့ ရေဗက္ကာထိပ်ခနဲဖြစ်သွားသည်

သူ... သူ ကဘာလာလုပ်တာလဲ

ကောင်လေးပုံစံသည် နုနုဖပ်ဖပ်မျက်နှာလေးဆိုပေမဲ့
အဝတ်အစားဝတ်ထားပုံကတော့ ကို့အတိုင်းပင်

နောက်ပြီးသူစီးလာတဲ့ကားကလည်း ကို့ရဲ့ကားပင်ဖြစ်သည်။

သူ့ကိုယ်သူ လွှမ်းနောင်စစ်ပါဟုပြောနေသောထိုငနဲလေးအားရေဗက္ကာတကယ်ကြောက်မိပါသည်။

Our Dirty Little SecretWhere stories live. Discover now