Our Dirty Little Secrets 14

9.5K 267 100
                                    


" လူနာက complete remission ရသွားပြီမို့
စိတ်ချလို့ရပြီ"
ဆရာဝန်သည် ဆေးစစ်ချက်အဖြေအားသေချာစွာကြည့်ရင်းကောက်ချက်ချလိုက်သည်။

" ဒါဆို သူ့မှာ cancer cell လုံးဝမရှိတော့ဘူးပေါ့နော်"

ရေဗက္ကာမျက်ဝန်းတွေသည်ကြယ်စင်လေးတွေလိုလင်းလက်သွားသည်။

ရောက်ရောက်ချင်း ဆေးရုံကိုတန်းလာခဲ့ပေမဲ့
သတင်းကောင်းကြားလိုက်ရတာမို့ အမောတွေပြေသွားသလိုပင်ခံစားလိုက်ရသည်

13809 ကို့ရဲ့အခန်းနံပါတ်သည်
ထိုချာတိတ်ပြောတဲ့ နံပါတ်နဲ့တစ်ထပ်တည်းမို့ ရေဗက္ကာထိုကောင်လေးကို လက်ဖျားတော့ခါမိပါသည်။

"ဘယ်လို psycho ကောင်လေးမို့ ဆေးရုံအခန်းနံပါတ်တွေပါလိုက်စုံစမ်းထားတာလဲ"

ပါးစပ်ကပွစိပွစိရွတ်ရင်း ဘာရယ်မှန်းမသိ သူမအား ကလေးမုန့်တောင်းသလိုမျက်နှာပေးနှင့်ရောက်ရောက်လာသည့် ထိုချာတိတ်မျက်နှာကိုဖျက်ခနဲပြေးမြင်မိသည်။

" ကိုသိလား
အိပ်နေတာကြာပြီမို့နိုးထပဲလိုတော့တယ်"

အနည်းငယ်ရှည်လာတဲ့နဖူးစပ်ဆံပင်တွေသပ်သင်ပေးရင်း ရေဗက္ကာသည် လွမ်းနေတာကြာပြီဖြစ်သော ချစ်သူရဲ့ ရင်ခွင်ကို ခပ်ဖွဖွဖက်ထားလိုက်သည်။

စည်းချက်မှန်မှန်လှုပ်ရှားနေသည့်ရင်ခုန်သံအား
နားစွင့်နေစဉ်

" ခင်ဗျားဘယ်သူလဲ " ဟူသောမေးသံခပ်သဲ့သဲ့ကြောင့် ရေဗက္ကာထူးဆန်းစွာခေါင်းတွေမော့ကြည့်လိုက်သည်။

...................

" visit visa နော်"

" ဟုတ်တယ်ဗျ"

Immigaration မှ အရာရှိဟာဟာ သူ့အားမျက်လုံးလှန်ကြည့်သည်

" အသက် က ၁၇ နှစ်
တစ်ယောက်တည်းဘာသွားလုပ်မလို့လဲ"

" ကျွန်တော့အကိုဆေးရုံတက်နေရလို့
အဲ့ဒါကြောင့် လူနာသွားကြည့်မလို့"

Our Dirty Little SecretWhere stories live. Discover now