Ep-1(U&Z)

14.9K 506 42
                                    

Zawgyi......

အင်္ဂလန်နိုင်ငံရဲ့ နေရောင်ဖျော့ဖျော့လေးဖြာကျခါစ ဝေလီဝေလင်းမနက်ခင်းတွေက Kim Seok Jin အမြဲလိုလိုမြင်တွေ့နေကျမြင်ကွင်းတစ်ခုရယ်ပေါ့

ကြီးမားကျယ်ဝန်းလှတဲ့ ခြံဝန်းထဲမှာဖူးပွင့်ဝေဆာနေတဲ့သစ်ပင်ပန်းပင်မျိုးစုံနဲ့ အရမ်းကိုလှပပြီး နန်းတော်တမျှကြီးကျယ်ခမ်းနားလှတဲ့ Kimမျိုးနွယ်စု အိမ်တော်ကြီးရဲ့တစ်ဦးတည်းသော မျိုးဆက်သစ်လေးမို့ ရွှေလင်ဗန်းနဲ့အချင်းဆေးပြီး မင်းမွေးတဲ့ကလေးတစ်ယောက်လို ရွှေပေါ်မြတင်ကြီးပြင်းလာခဲ့ရသည်

ဒီနေ့လဲ ထုံးစံအတိုင်း နေမင်းကြီးနိုးထခါစအလင်းရောင်ဖျော့ဖျော့လေးမြင်ရပါမှ အိမ်ပြန်ရောက်လာခြင်းဖြစ်သည်

ကားသံကြားရမှာစိုး၍တောင် ခြံထဲရောက်ရုံသာထားခဲ့ပြီး သူခိုးခြေလှမ်းဖြင့် ခြေသံလုံအောင်လှမ်းလျှောက်ရင်း အိမ်ထဲဝင်လာခဲ့သည်

သို့သော် ဧည့်ခန်းဝအရှေ့သို့အရောက် စူးခနဲဝင်ရောက်လာတဲ့ ဖခင်ဖြစ်သူရဲ့ခေါ်သံကြောင့် ခြေလှမ်းတွေတုန့်ခနဲ ရပ်စိုင်းသွားသည်

"Kim Seok Jin"

"ဗျာ "

အချိုသာဆုံးမျက်နှာထားလေးနဲ့ မိခင်ဖြစ်သူဆီလှမ်းသွားလိုက်ပြီး ပြောင်လက်ပြီး အိစက်နေတဲ့ ကြက်သွေးရောင် ဆိုဖာခုံပေါ် ဝုန်းခနဲထိုင်ချပစ်လိုက်သည်

"မာမီ အစောကြီးနိုးနေတာလား ......အိပ်ရေးမဝပဲနေဦးမယ် .......ဒယ်ဒီရောပဲ ကုမ္ပဏီ သွားရင်အိပ်ငိုက်နေမှာပေါ့ "

"မင်းအပိုတွေပြောမနေနဲ့ မင်းအခုလို မိုးလင်းမှ အိမ်ပြန်လာတာတွေ...... ဘယ်လောက်ကြာနေပြီလဲ တစ်ညလုံး ဘယ်တွေသွားနေတာလဲ"

"ဒယ်ဒီကလဲ ကျွန်တော်အရွယ်ရောက်နေပါပြီ ကျောင်းလဲပြီးပြီ လွတ်လွတ်လပ်လပ်နေရပါစေလား ဘာလို့လိုက်မေးနေတာလဲ"

ဝတ်ထားတာလဲ All blackနဲ့ နားနှစ်ဖက်စလုံးမှာ နားဆွဲတွေရော နားကွင်းတွေရောဖြင့် မသိရင် ရာကူဇာလိုလို လူမိုက်လိုလိုနဲ့ လူကြည့်တော့ ပိုးဟပ်ဖြူသာသာ အရပ်ရှည်နေလို့သာပေါ့ မဟုတ်ရင် နို့နံ့မစင်သေးတဲ့ ကလေးရုပ်နဲ့မို့ အသက်25နှစ်ဆိုတာ ဘယ်သူမှယုံမှာမဟုတ်

Delusion Of HeartWhere stories live. Discover now