Ep-19(U&Z)

4.4K 405 70
                                    

Zawgyi......

"မင်း ကားမောင်းတာအရှေ့ကိုပဲ အာရုံစိုက်လို့မရဘူးလား"

"ဟင့်အင်း မောင်အကြည့်တွေကမင်းဆီကမခွာနိုင်ဘူးဖြစ်နေတာ ဘယ်လိုလုပ်ရမလဲ"

Seokjin သူ၏အကြည့်တွေအောက်အနေခက်လွန်းလှပြီဖြစ်သည် အိမ်ကထွက်လာကတည်းက လမ်းတစ်လျှောက်လုံးအမြင်အာရုံကရှေ့တည့်တည့်မှာရှိမနေ ခဏတိုင်းလိုလို လှည့် ကြည့်နေ၏

ထို့အပြင် လက်တစ်ဖက်ကလဲ မလွှတ်တမ်း ဆုပ်ကိုင်ကာ ကျန်လက်တစ်ဖက်တည်းနဲ့သာကားကိုမောင်းနှင်နေသည် အကြည့်ခြင်းစုံခဲ့ရင်လဲမျက်လုံးတစ်ဖက်ကိုဖျက်ခနဲမှိတ်ပြရသည်မှာအမော ထိုသို့အပြုအမူတွေကြောင့် Seokjin အကြည့်ခြင်းမစုံအောင် အပြင်ဘက်သို့သာမျက်နှာမူထားလိုက်သည်

သူ့ရဲ့လက်ချောင်းရှည်ရှည်သွယ်သွယ်တို့က Seokjin လက်ချောင်းလေးတွေကြား ဝင်ရောက်ယှက်နွယ်လာခြင်းကတစ်ခါ အပေါ်ကနေအုပ်မိုးကာဆုပ်ကိုင်လာခြင်းကတစ်လှည့်ဖြင့်ရှိနေသည် ဒီ့အပြင် တစ်ခါတစ်ခါသူ့ရဲ့လက်ညှိုးလေးကိုအသုံးပြုကာ လက်ဖဝါးကိုကုတ်ခြစ်သေး၏

ဒီ့အပြင် လက်ဖမိုးလေးကို နှုတ်ခမ်းပါးဖြင့် ဖိကပ်နမ်းရှိုက်တာလဲအကြိမ်ပေါင်းမနည်းပင် ဖြစ်နိုင်ရင် သူ့အလုပ်ကို အမြန်ရောက်ချင်နေပြီဖြစ်သည် ဗိုက်ကလဲဆာနေပြီဖြစ်သလို ရှက်ကိုးရှက်ကန်း ဖြစ်ရလွန်းလို့လဲ ထိုနေရာကနေပဲ အငွေ့ပျံကာပျောက်သွားချင်မိသည်

"မရောက်သေးဘူးလား မင်းအလုပ်ကအဝေးကြီးပဲ ဗိုက်ဆာနေပြီ"

"ခဏလေးပါ ဟိုရှေ့နားလေးဆိုရောက်ပြီ ဘာစားမလဲ မောင်ကြိုဝယ်ခိုင်းထားပေးမယ်"

"Okay"

Seokjin သူစားချင်သမျှကို ရေရွတ်ပြလိုက်ပြီး ချက်ချင်းဆိုသလိုပဲ သူ၏အတွင်းရေးမှူးကိုဖုန်းခေါ်ကာ တစ်ခုမကျန်မှာကာဝယ်ခိုင်းလေတော့သည်

အခုလို သဲသဲလှုပ်ဂရုစိုက်ပြနေခြင်းရဲ့နောက်ကွယ်က တကယ်ပဲအချစ်လားဆိုတာ Seokjin မဝေခွဲနိုင် ယုံချင်သည် သို့သော်မယုံရဲပေ အဘယ့်ကြောင့်ဆို စတွေ့ကတည်းကမာနချင်းပြိုင်လာတဲ့လူနှစ်ယောက်ကအခုလို ချစ်မိသွားဖို့ဆိုတာလွယ်သလား သို့သော် မသိစိတ်ကလဲသူပြောသမျှကိုယုံကြည်နေမိသည်

Delusion Of HeartDonde viven las historias. Descúbrelo ahora