Ep-31(U&Z)

3.7K 324 40
                                    

Zawgyi......

လှပမနက်ခင်းနေရောင်ခြည် အလင်းရောင်ငယ်လေးရယ် သိပ်ကိုမြတ်နိုးရပါသောမောင်ဆိုတဲ့ လူသားလေးရယ်နဲ့စတင်ရတဲ့ တစ်နေ့တာက Seokjinအတွက်တန်ဖိုးမဖြတ်နိုင်သောကြည်နူးမှုလေးတစ်ခုပါပဲ

ဘာကြောင့်မှန်းမသိ မောင့်ကိုသိပ်အနိုင်လိုချင်မိသည် မောင့်အနားပဲနေချင်မိသည် ဆိုးချင်နွဲ့ချင်စိတ်တွေကလဲဘယ်ကနေများပေါက်ဖွားလာသည်မသိ သန်မာလှပါသည်ဆိုသောSeokjinရဲ့စိတ်အခြေအနေတို့သည် မောင်နှင့်သာဆိုလျှင် ဖယောင်းပမာပျော့ပျောင်းနေ၏

Seokjinရဲ့စိတ်အခြေအနေကအခုရက်ပိုင်းအထိအခိုက်မခံနိုင်အောင်ကို ခံစားလွယ်၏ မောင့်အပေါ်ချွဲနွဲ့နေချင်ပေမယ့် ကုမ္ပဏီမှာဆို အမြဲလိုလိုစိတ်တိုနေတတ်တာမျိုး ထစ်ခနဲဆို လုပ်ချင်တာလုပ်လိုက်ရမှ ပြောချင်တာပြောလိုက်ရမှ
ကျေနပ်တတ်သည်

အရာရာဟာမောင်ဆိုသော ချစ်ရတဲ့အမျိုးသားငယ်ကြောင့်ပြောင်းလဲလာခဲ့တာထင်ပါရဲ့ Seokjinမောင့်ရင်ခွင်ထဲခေါင်းလေးတစ်ချက်တိုးဝှေ့လိုက်တိုင်း တစ်ကိုယ်လုံးကိုသိုင်းဖက်ထားတဲ့မောင့်လက်တွေက ပိုမိုတင်းကြပ်လာ၏

"မောင်"

မောင့်ရဲ့နှုတ်ခမ်းပါးလေးကိုဖိကပ်နမ်းရှိုက်ရင်း

"မောင် ထဦးလို့ မနက်စာစားဖို့ဖွားစောင့်နေလောက်ပြီ "

"အင်း.."

အသံရှည်ကြီးဆွဲပြီးအင်းသာဆိုပေမယ့် မောင်ကSeokjinနှုတ်ခမ်းဖူးဖူးကိုအတင်းလိုက်နမ်းနေ၏ နှုတ်ခမ်းသားအိအိလေးကို အပေါ်အောက်နမ်းရှိုက်ကာ နှစ်ဦးသားအနမ်းတွေ အပြန်အလှန်ထပ်တူကျစေကာ အလှပဆုံးသောမနက်ခင်းလေးကိုစတင်လိုက်ကြသည်

"အဟင့် ဟင့်"

"ဟောဗျာ ဘယ်လိုဖြစ်လို့ငိုရတာလဲ မောင့်ကလေးလေးရဲ့"

"မောင် ညစ်ပတ်တာကို မျက်နှာလဲမသစ်ရသေးပဲနဲ့ လာနမ်းတယ် ရွံစရာကြီးကို အီး ဟီး"

မျက်ရည်မကျပဲ တအီအီငိုနေသော ချစ်ရသူကိုမောင်ဖြင့်အသည်းယားလွန်းလှသည် အရင်ကလဲနမ်းနေကြဖြစ်သလို အနမ်းတွေဖလှယ်စဉ်ကလဲ သူကိုယ်တိုင်ပင် ကြည်ဖြူစွာရှိလှသည် ညကပဲ မောင်နဲ့သာဆိုဘာမှမဖြစ်ပါဘူးဆိုတဲ့ ကိုယ်တော်ချောက အခုကျတော့လဲ သူမဟုတ်တဲ့အတိုင်း ငိုပါငိုသေးတာ

Delusion Of HeartWhere stories live. Discover now