Ep-17(U&Z)⚠️⚠️

6.6K 402 39
                                    

Zawgyi....

အခန်းထဲရောက်တော့ ညအိပ်မီးရောင်လေးနဲ့ အပြိုင်လှနေတဲ့ အပြာရောင်မွေ့ရာကြီးက ယနေ့ညအတွက်ပိုလှပတယ်ထင်မိသည် ပွေ့ချီလာတဲ့သူကို မွေ့ရာပေါ်အသာချပေးလိုက်တော့ တပုလ္လင်ခွေထိုင်ပြီး ကျောနောက်ကခေါင်းအုံးလေးကိုလှမ်းယူကာ ပေါင်ပေါ်တင်ထားသည်

စူပုတ်ပုတ်မျက်နှာထားကဘာကိုအလိုမကျလဲအသေအချာမသိပေမယ့် သူ့ကိုအော်လိုက်သည်ကိုမကျေနပ်ခြင်းကတော့အပြည့်အဝပါမည် Seokjin နဲ့မျက်နှာချင်းဆိုင်တည့်တည့်မှာ နေရာဝင်ယူလိုက်သည် ကိုယ်တိုင်လဲ မမှိတ်မသုန် ပြန်လည်စိုက်ကြည့်ပေးလိုက်သည်

"မင်းဘာဖြစ်လို့ငါ့ကိုအဲ့လောက်မုန်းနေတာလဲ ငါ့ဘက်ကအလျော့ပေးနေတယ်လေ မင်းကရော တထစ်လောက်လျော့ပေးလို့မရဘူးလား"

"အလျော့ပေးတဲ့ကောင်ကငါ့ကို အော်တယ်လား"

"အဲ့လိုလဲမဟုတ်သေးဘူးလေ ငါကဒေါသထွက်လွယ်တယ် မင်းဖြစ်နေလို့ငါ့စိတ်ကိုငါတတ်နိုင်သမျှထိန်းတယ်လေ မင်းကသာငါ့ကိုဆို ကန်လန့်တိုက်နေတာ"

"မင်းကိုမှငါကြည့်မရတာ အမြင်ကပ်တာကို"

"မင်းကိုငါအခုဘာလုပ်နေလို့လဲ"

"ငါကမင်းကို ကျေးဇူးတင်ကြောင်းပြောမလို့လေ မင်းကဘာလို့ငါ့ကိုအဖက်မလုပ်လဲ လူယုတ်မာရဲ့ ဘာလို့ငါ့ကိုနှင်နေလဲ"

Seokjinရဲ့အနည်းငယ်ပျော့ပျောင်းနေတဲ့လေယူလေသိမ်းတွေကြောင့် Jungkook ကြည်နူးမိတာအမှန်

"စီးကရက် အငွေ့တွေကမင်းကိုရောဂါရမှာစိုးလို့ပေါ့"

"ဒါဆို စီးကရက်သောက်တဲ့မင်းကျတော့ရောဂါမရဘူးပေါ့ အဲ့လိုလား"

"အဟွန်း! ငါ စီးကရက်ဖြတ်လိုက်ရမလား"

"မသိဘူး မင်းစိတ်နဲ့မင်းလေ ကြိုက်တာလုပ်"

"မင်းစိတ်နဲ့ပဲငါအသက်ရှင်မှာ မင်းငါ့ကိုမသောက်စေချင်ဘူးလား"

"......"

ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်းမည်၏ ဒါဆို သူ့ရဲ့မျက်စိရှေ့က နှုတ်ခမ်းဖူးဖူးလေးကိုတင်းတင်းစေ့ပိတ်ထားသူက မသောက်နဲ့လို့ပြောနေသည့် အဓိပ္ပာယ် မဟုတ်လားလေ

Delusion Of HeartWhere stories live. Discover now