Ep-34(U&Z)

3.3K 295 21
                                    

Zawgyi......

အိမ်ထောင်သက်နှစ်ပတ်လည်ခါနီး ကလေးရတဲ့အချိန်မှ ဟန်းနီးမွန်းလိုက်ပို့ပါသော သူ့ကိုယ်သူအမြဲဂုဏ်ဆာလေ့ရှိတဲ့ မင်းယောကျာ်းဆိုသော ကျွန်တော့်ယောကျာ်း Jeon Jung Kookရယ်ပါ

မွေ့ယာအလယ်မှာအခန့်သားထိုင်ရင်း တံခါးနှစ်ဖက်စလုံးဖွင့်ဟထားတဲ့ဗီဒိုထဲက ကျွန်တော်လိုချင်သမျှ အဝတ်အစားတွေ ကိုလက်ညှိုးထိုးပြရုံနဲ့ မောင်ကထုတ်ယူကာခရီးဆောင်အိတ်ထဲသို့ထည့်ပေး‌နေလေ၏

ကိုယ်ဝန်ရှိမှန်းသိပြီးကတည်းက ကျွန်တော်ကုမ္ပဏီလည်းမသွားရတော့သလို ဘာအလုပ်မှလဲလုပ်ခွင့်မရ အနေအထိုင်အစားအသောက်အကုန်လုံး မောင့်သဘော မောင့်စိတ်တိုင်းကျ မောင်ပြောတဲ့အတိုင်းသာနေနေရသည်

မောင့်ရဲ့ဂရုစိုက်မှုတွေကြောင့်ကျွန်တော်သိပ်ကိုကြည်နူးရ၏ မောင့်ကိုသိပ်ချစ်သည် မောင်လိုချင်တဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ပေးနိုင်တော့မှာဖြစ်တာမို့လဲ အတိုင်းအဆမရှိ ပျော်ရွှင်ရပြန်တယ်

"မောင်"

"ဗျာ"

"ငါ့အနားလာဦးလို့"

"ဘာဖြစ်လို့လဲ"

အဝတ်တွေအစီအရီထည့်ထားတဲ့ ခရီးဆောင်အိတ်ကိုကျော်ခွကာမောင်က ကုတင်ပေါ်မှာ ပုံ့ပုံ့လေးထိုင်နေတဲ့ သူ့ရဲ့အနားသို့ရောက်ရှိလာခဲ့သည် ထို့နောက် Seokjin မောင့်ပေါင်ပေါ်သို့တက်ထိုင်ကာ မောင့်လည်ပင်းကိုသိုင်းဖက်ထားလိုက်၏

မောင့်ပါးပြင်ထက်အနမ်းတစ်ပွင့်ခြွေတော့ မောင်ကသူ့ရဲ့နှုတ်ခမ်းဖူးဖူးလေးကိုအမိအရပြန်နမ်းရှိုက်လာတာမို့ အနမ်းတွေခေတ္တခဏဆက်သွားသေး၏ ပြီးနောက် မောင့်လည်တိုင်ကိုနှာခေါင်းဖြင့်ပွတ်သပ်ကာ ချွဲတော့သည်

"မောင် ခရီးသွားတာကဟုတ်ပါပြီ ငါ့မှာအလုပ်မရှိတာမင်းသိတယ်မလားဟင်"

"သိတယ်လေ ဘာဖြစ်လို့လဲ Baby"

"ဘာဖြစ်ရမှာလဲ ဟိုရောက်ရင်ငါလိုချင်တာတွေ ဘယ်လိုလုပ်ဝယ်ရမလဲ"

"မင်းယောကျာ်းကဘယ်သူမို့လဲ  မင်းလိုချင်တာလက်ညှိုးထိုးလိုက် အကုန်ရစေရမယ်"

Delusion Of HeartTempat cerita menjadi hidup. Temukan sekarang