Ep-28(U&Z)

2.8K 341 38
                                    

Zawgyi.......

အိမ်ရှေ့ပေါ်တီကိုအောက်မှာရပ်ထားတဲ့ကားအနက်ရောင်လေးကြောင့် မောင်ပြန်ရောက်နေပြီဆိုတာကို Seokjin အတပ်သိလိုက်သည် သို့ပေမယ့် ပထမဆုံးအကြိမ်မောင့်ကိုရင်ဆိုင်ရမှာ  စိုးရွံ့နေခြင်းဖြစ်၏

ဧည့်ခန်းအတွင်းသို့ လှည့်ပတ်ကြည့်လိုက်ပေမယ့် မောင်ရှိမနေတာကြောင့် အိပ်ခန်းဆီသို့သာခပ်သွက်သွက်တက်လာခဲ့လိုက်သည် အခန်းတံခါးဖွင့်ဖို့ သူ၏လက်တွေတွန့်ဆုတ်နေခဲ့သည်

သို့သော် မောင်ကသူ့ကိုသိပ်ချစ်တာမို့ ရှင်းပြရင်နားလည်မည်ဟူသောအတွေးဖြင့် နှုတ်ခမ်းဖူးဖူးထက် အချိုသာဆုံးအပြုံးလေးကိုဖန်ဆင်းပြီး ဝင်လာလိုက်သည် ဆက်တီစားပွဲပေါ်က ဝိုင်ပုလင်းမှာလဲထက်ဝက်မကကုန်နေပြီဖြစ်၏

ဆိုဖာပေါ်ခြေထောက်တင်ပြီး  နီစွေးနေတဲ့ မောင့်ရဲ့စူးစူးရဲရဲအကြည့်တွေကိုSeokjinမနှစ်သက်ပေ  သို့သော်

"မောင် ပြန်ရောက်နေတာကြာပြီလား"

"ဆိုပါတော့"

"ဘာလို့ အများကြီးသောက်နေတာလဲ"

မောင့်ကိုလဲ မေးခွန်းလေးတွေထုတ်ရင်း လက်တွေကလဲ Suitအင်္ကျီကြယ်သီးလေးတွေကိုဖြုတ်ကာ အိမ်နေရင်း Pajamasလေးတစ်စုံကိုလဲဝတ်လိုက်သည်

"ပျော်လို့လေ"

"မောင် စကားပြောတာကြီးကလဲ ဘာဖြစ်နေတာလဲ ငါပြန်လာတာနောက်ကျလို့လား ဟင်"

Seokjinမောင့်ဘေးနားသို့ဝင်ထိုင်လိုက်ပြီး မောင့်မျက်နှာလေးကို ညှိုးငယ်စွာကြည့်ရင်းဆို၏
သို့သော် မောင်ကသူ့အမေးကိုစိတ်ဝင်စားဟန်မပြ လက်ထဲကဝိုင်ခွက်ကို တစ်ကျိုက်တည်းမော့သောက်ပစ်လိုက်သည်

"ငါတောင်းပန်တယ်နော် နောက်ကျရင် ငါနောက်မကျတော့ပါဘူး"

"မင်းအခုဘယ်ကပြန်လာတာလဲ"

"ကုမ္ပဏီကပေါ့မောင်ရဲ့"

"ဟုတ်လား မင်းလိမ်ညာတာကိုမသိလောက်ရအောင် ငါကသောက်ရူးလား ဟမ်"

ခွမ်း!!

လက်ထဲကအပြစ်မဲ့တဲ့ဝိုင်ခွက်ကလေးကိုအရှိန်ပြင်းစွာဖြင့် နံရံဆီသို့ပစ်ခွဲခြင်းခံလိုက်ရတာကြောင့် ကြမ်းပြင်ပေါ်၌ ဖန်ကွဲစတွေပြန့်ကျဲကုန်၏ မောင့်ရဲ့အပြုအမူတွေကို Seokjinမယုံနိုင်လောက်အောင်အံ့သြသွားရသည်

Delusion Of HeartWhere stories live. Discover now