Ep-6(U&Z)

3.7K 409 57
                                    

Zawgyi.....

"Tae ဘယ်လိုလုပ်"

Seokjin စကားတွေရှေ့မဆက်နိုင်တော့လောက်အောင်ကို သတိလက်လွတ်ဖြစ်ကာ အံ့အားသင့်သွားခဲ့ရသည် သို့သော် တင်းကြပ်နေအောင်ပွေ့ဖက်ထားမှုနဲ့အတူ သူ့ပခုံးပေါ်၌ တအင့်အင့်ရှိုက်ငိုနေသူကြောင့် ကျောပြင်လေးကိုပွတ်သပ်ပေးကာ နှစ်သိမ့်ဖို့ကြိုးစားပေမယ့် ပို၍သာရှိုက်ငိုနေသူကြောင့် Seokjin သူ၏လက်ကိုဆွဲကာ ပန်းခြံထဲသို့ဆင်းလာခဲ့သည်

"Tae ငါတို့ခြံထဲသွားရအောင် ခဏနေရင်ဖွားအောက်ထပ်ဆင်းလာမှာ"

"အင်း"

ခြံထဲကပန်းပင်လေးတွေကြားမှာ ဆောက်ထားပြီး အပြာရင့်ရောင်ဆေးခြယ်ထားတဲ့ ကျောက်သားထိုင်ခုံလေး နှစ်ယောက်သားမျက်နှာချင်းဆိုင်ဝင်ထိုင်လိုက်သည်

ထို့နောက် Taeလက်ထဲ၌ဆုပ်ကိုင်ထားတဲ့ သူလက်ကို ရုန်းထွက်ဖို့ကြိုးစားလိုက်ပေမယ့်ပိုမိုတင်းကြပ်တဲ့အထိဆုပ်ကိုင်လာသူကြောင့် Seokjin လက်ကလေးတွေနာကျင်မှုကိုစတင်ခံစားလာရ၏

"Tae လက်ကိုလွှတ်ပေးပါ"

"Jin ငါမင်းကိုအရမ်းလွမ်းနေခဲ့ရတာ ငါးနှစ်... ငါးနှစ်ဆိုတဲ့အချိန်ကာလကိုငါဘယ်လိုကျော်ဖြတ်ခဲ့ရလဲသိလား"

Taeပြောသလိုပါပဲ သူတို့နှစ်ယောက်ဝေးကွာခဲ့တဲ့ အချိန်ကာလက ငါးနှစ်တောင်ကြာခဲ့တယ် ထိုအချိန်ကာလတွေမှာ Taeကသူ့ကိုတကယ်ပဲ အရမ်းလွမ်းနေတယ်ဆိုတာကိုတော့ အကြွင်းမဲ့ယုံသည်

မယုံကြည်တာကသူ့ကိုယ်သူပင် Taeကိုသတိမရခဲ့ဘူးလို့တော့ မလိမ်ညာချင်ပါ တိုက်ဆိုင်မှုတွေရှိတိုင်းသတိရတယ် Taeက သူ့အပေါ်အရမ်းချစ်ပြီး ဂရုစိုက်တယ် ကြင်နာတတ်ပြီး အရာရာအလိုလိုက်တဲ့ ချစ်သူတစ်ယောက်အဖြစ်ရှိနေပေးခဲ့တယ်

သို့ပေမယ့် အခုနေချိန်မှာ သူ့စိတ်ကိုသူပြန်မေးဖို့ အချိန်အတိုင်းအတာတစ်ခုတော့လိုအပ်သည်  ငါးနှစ်ဆိုတဲ့အချိန်ကာလတစ်ခုထိ Taeကိုချုပ်ကိုင်ခဲ့သလိုဖြစ်ရတဲ့အတွက်လဲ စိတ်မကောင်းဖြစ်မိတယ် Taeခံစားနေရတာကိုတကယ်ပဲမမြင်ရက်ဘူး

"Tae"

"ခဏလေး Jin ငါပြောတာကိုအရင်နားထောင်ပေးလို့ရမလား"

Delusion Of HeartUnde poveștirile trăiesc. Descoperă acum