Ep-26(U&Z)

3.2K 334 37
                                    

Zawgyi....

အိမ်ရှေ့ ပေါ်တီကိုအောက်ကိုကားထိုးရပ်လိုက်တာနဲ့ သူတံခါးဖွင့်ပေးမှာကိုစောင့်မနေပဲ မိမိဘာသာဆင်းကာ အိမ်ထဲသို့ဝင်လာခဲ့လိုက်သည်

သူတစ်ယောက်တည်းစိတ်ဆိုးတတ်တာကျလို့ လူကိုအော်ချစ်တိုင်းအော်ဟစ်နေတာ ပြီးရင်သူကပဲစိတ်မရှည်ကဖြစ်ရသေးတယ် Seokjinစိတ်ထဲကနေသာရေရွတ်ရင်း အိပ်ခန်းရှိရာဆီသို့တက်လာခဲ့လိုက်သည်

အခန်းထဲကို သူနဲ့မောင် ရှေ့ဆင့်နောက်ဆင့်လိုပဲရောက်ရှိလာခဲ့ကြသည် Seokjin ပေါက်ကွဲဖို့ရာဒေါသတွေကိုစုစည်းရင်း အပြင်ကပြန်လာတဲ့အဝတ်တွေကိုချွတ်ကာ Bathrobeတစ်ထည်ကိုဝတ်ပြ်ီး မျက်နှာသစ်ခြေလက်သန့်စင်ဖို့ ရေချိုးခန်းထဲဝင်သွားလေ၏

ကိုယ်လက်သန့်စင် ပြီးတဲ့နောက်မှာတော့ ဗီဒိုထဲက Pajamas တစ်စုံကိုယူဝတ်လိုက်သည် ထိုအခါမှ ကုတင်ပေါ်မှာထိုင်ကာ မျက်စိဒေါင့်ထောက်ကြည့်နေတဲ့ မောင့်ဆီကစကားသံထွက်ကျလာ၏

"မင်းကိစ္စပြီးပြီလား"

"ဘာဖြစ်ချင်လို့လဲ"

"မင်းကိုမေးရမှာ ဘာလို့စိတ်ပျက်ဖို့ကောင်းတယ်ပြောရတာလဲ ငါကမင်းစိတ်ပျက်လောက်အောင်ကိုသောက်သုံးမကျတဲ့ကောင်ပေါ့ဟုတ်လား"

"မဟုတ်လို့လား ငါ့အတွက်အသေးအမွှားလေးတောင် မင်းမလုပ်ပေးနိုင်ဘူးလား"

"ငါတကယ် မသိလို့မသိဘူးပြောတာလေ  မင်းလိုချင်တာမှန်သမျှ အဲ့ထက်တန်ဖိုးကြီးတာတွေတောင်ဝယ်ပေးနေတာပဲ ဘာကြောင့်အဲ့စိတ်ပျက်တယ်ဆိုတဲ့စကားကိုပြောရတာလဲ "

"ပြောတော့ဘာဖြစ်လဲ မင်းသောက်သုံးမကျလို့မကျဘူးပြောတာလေ ငါ့သူငယ်ချင်းကိုလဲ ငါ့မျက်နှာမှမထောက်ပြောသေးတာပဲ"

"မင်းကအဲ့ကောင်ထိလို့နာနေတာလား"

"နာတယ် နာတယ် ငါ့သူငယ်ချင်းကစိတ်ကောင်းရှိတယ် မင်းလိုအရိုင်းစိုင်းကောင်မဟုတ်ဘူး"

"သြော် ဟုတ်လား"

Jungkook နှုတ်ခမ်းတွေကိုတွန့်ချိုးကာ အပေါ်နှုတ်ခမ်းပါးကိုကော့တက်သွားသည်အထိ မဲ့ပြုံးပြုံးလိုက်သည် ကိုယ်ကသူ့အတွက်ဆိုအရာရာဦးစားပေးထားပါရဲ့နဲ့ ကိုယ့်အပေါ်ကျတော့ သူငယ်ချင်းကိုတောင်အထိမခံ ဆတ်ဆတ်ကြဲပြနေ၏

Delusion Of HeartWhere stories live. Discover now