Ep-9(U&Z)

3.4K 401 53
                                    

Zawgyi.......

နောက်တစ်နေ့မနက်လင်းသော် ကုမ္ပဏီ သွားမှာဖြစ်တဲ့အတွက်ကြောင့် Seokjin ရေမိုးချိုးပြင်ဆင်နေ၏ Shirt အင်္ကျီအဖြူအောက်ခံလေးနှင့် အနက်ရောင် Suitကိုပနံတင့်စွာ ဝတ်ဆင်ထားသည် ခရမ်းရောင်ဆံပင် ခပ်အုပ်အုပ်ကလေးကို သေချာစွာဖြီးလိမ်းထားသည်

နံရံကပ်ဗီဒိုကြီးထဲက Accessories  ပစ္စည်းတွေထည့်ထားတဲ့အခြမ်းကိုဖွင့်ကာ နားကပ်သီးသန့်ထည့်ထားတဲ့ အံဆွဲလေးကိုဆွဲဖွင့်လိုက်တော့ တန်ဖိုးကြီး limited  brandတွေထဲက အနက်ရောင် နဲ့ ပလက်တီနမ် နားကပ်နဲ့ ချိန်းကြိုးလေးတွေ အရံများစွာထဲက ပလက်တီနမ် နားကွင်းလေးနှစ်ခုကို ညာဘက်နားတွင်ဝတ်ဆင်လိုက်ပြီး ရိုးရှင်းတဲ့နားဆွဲလေးတစ်ဖက်ကို ဘယ်ဘက်နားတွင်ဝတ်ဆင်လိုက်သည်

နက်ခ်တိုင် အနက်ရောင်လေးကို စနစ်တကျချည်ပြီး ကိုယ်လုံးပေါ်မှန်‌မှာထင်ဟပ်နေတဲ့ မိမိကိုယ်ကိုကြည့်ရင်း ရုတ်တရက် နှုတ်ခမ်းနုနုအိအိလေးကို လက်မလေးဖြင့်အကြောင်းမဲ့ ပွတ်သပ်နေမိပြန်သည်

သတိရတယ်ဆိုတာ ချစ်တဲ့သူအတွက်သီးသန့်ဖြစ်တည်တာမျိုးမဟုတ်လား သို့ပေမယ့် သူ့အတွက်တော့ မုန်းပါတယ်ဆိုတဲ့လူကို ပိုပြီးသတိရနေမိတယ်

ထိုသူကို အနိုင်လိုချင်စိတ်ကြောင့်ထင်ပါရဲ့ သူ့မျက်နှာကို ခဏတိုင်းမြင်ယောင်နေမိသည် မုန်းပါသည် ပိုင်စိုးပိုင်နင်းပြောချင်တိုင်းပြောပြီး ခပ်ထေ့ထေ့ပြုံးတတ်တဲ့အဲ့လူကို ဘယ်ရည်းစားကိုမှတောင် lip kissမပေးဖူးတဲ့ ကျွန်တော့်နှုတ်ခမ်းကို မညှာမတာနမ်းခဲ့တဲ့လူကို အတိုင်းအဆမရှိမုန်းမိသည်

Seokjin အတွေးတွေနယ်မကျွံခင်ရပ်တန့်ပစ်ကာလက်ကောက်ဝတ်တွင် ရွှေရောင်တဖျပ်ဖျပ်လက်နေသည့် တန်ဖိုးကြီးနာရီကိုပတ်လိုက်သည် ဘယ်တုန်းကမှ ဖုန်း Ringtoneအသံထည့်ထားခြင်းမရှိပဲ vibrateသာထားတတ်တဲ့သူ၏ဖုန်းလေးက စားကြည့်စားပွဲလေးပေါ်၌ တဒွီဒွီတုန်ခါနေ၏

သို့သော် ကိုးနာရီထိုးလုလုဖြစ်နေတာကြောင့် ကုမ္ပဏီသွားရန်နောက်ကျနေပြီဖြစ်၍ တုန်ခါနေတဲ့ဖုန်းလေးကို လျစ်လျူရှုကာဘောင်းဘီ အိတ်ကပ်ထဲထည့်ကာ အနက်ရောင်လက်ဆွဲအိတ်ကလေးဆွဲရင်းလှေကားအတိုင်းဆင်းလာခဲ့သည်

Delusion Of HeartWhere stories live. Discover now