Ep-27(U&Z)

3K 337 53
                                    

Zawgyi......

နေရောင်ခြည်ရဲ့အလင်းရောင်ဖျော့ဖျော့လေးက Seokjinရဲ့မျက်နှာ လှလှလေးအပေါ်ဖြာကျလာခဲ့သည် ညတုန်းကနေမကောင်းချင်သလိုဖြစ်ခဲ့ရပေမယ့် မောင့်ရဲ့ဂရုစိုက်မှုတွေကြောင့် အဖျားမရှိတော့ပေ သို့ပေမယ့် ခေါင်းအနည်းငယ်တော့ကိုက်နေသေး၏

အခုဆို ဘာကြောင့်မှန်းမသိ မောင့်အနားမှာပဲနေချင်သည် မောင့်လက်မောင်းပေါ်ခေါင်းအုံးအိပ်ရတာ မောင့်ထွေးပွေ့မှုတွေကြား ရင်ခွင်ထဲခေါင်းတိုးဝင်အိပ်ရတာ သိပ်ကိုသဘောကျနေမိသည်

သူ၏ခါးကျဉ်းကျဉ်းကိုတင်းတင်းကြပ်ကြပ်ဖက်ကာ နှစ်ခြိုက်စွာအိပ်မောကျနေတဲ့မောင့်ရဲ့မျက်နှာလေးကို Seokjinငေးကြည့်နေမိသည် မောင့်ရင်ခွင်ထဲကနေနိုးထရတဲ့မနက်ခင်းကသိပ်ကိုကြည်နူးဖွယ်ရာဖြစ်သည်

မောင့်ရဲ့နှာတံလေးတစ်လျှောက်နဲ့ နှုတ်ခမ်းပါးလေးတွေကိုလက်ညှိုးကောက်ကောက်လေးဖြင့်တို့ထိနေမိသည် တခြားသူတွေအပေါ်  အပြုအမူအပြောအဆိုတွေကြမ်းတမ်းတတ်တဲ့မောင်က သူ့အပေါ်မှာတော့သိပ်ကိုနူးညံ့ခြင်း ဂရုစိုက်ခြင်း ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နေတဲ့သူတစ်ယောက်ပေါ့

မောင်ရဲ့ရင်အုပ်ကြွက်သားတွေကိုSeokjinသဘောကျမိသည် သူနှင့်အိမ်ထောင်မကျခင်က မောင်Gymဆော့တယ်လို့ကြားဖူးခဲ့ပေမယ့် အတူတူနေလာတဲ့တစ်လျှောက်မောင် အားကစားလုပ်တာမတွေ့ဖြစ်တော့

သို့ပေမယ့် အစားအသောက်ဆင်ခြင်တဲ့ မောင့်ရဲ့ခန္ဓာကိုယ်က ကျစ်လျစ်တောင့်တင်းကာဖွံ့ဖွံ့ထွားထွားရှိနေဆဲပင် မာနတွေပြိုင်ဆိုင်ပြီး အနိုင်ယူနေရင်းနဲ့ပဲ တစ်ယောက်ကိုတစ်ယောက် အနက်ရှိုင်းဆုံးရစ်ပတ်ချည်နှောင်ခဲ့ကြသည်

Seokjinမောင့်ရင်ဘတ်ကိုတို့ထိဆော့ကစားနေစဉ်မှာပဲ သူ၏ဖုန်းလေးကတဒွီဒွီတုန်ခါလာတာကြောင့် မောင်နိုးသွားမှာစိုး၍ ချက်ချင်းကိုင်လိုက်သည်

မောင့်ရင်ခွင်ထဲကထွက်ဖို့ကြိုးစားပေမယ့် တစ်ခါလှုပ်လိုက်မိတိုင်း ပိုပိုတင်းကြပ်အောင်ဖက်တွယ်လာတာမို့ Seokjin ခန္ဓာကိုယ်တစ်ဖက်သို့စောင်းကာ တိုးလျသောအသံလေးဖြင့်စကားဆို၏

Delusion Of HeartWhere stories live. Discover now