Extra (U&Z)

4.4K 298 64
                                    

Zawgyi......

ဒီနေ့လေးကမောင်နဲ့ကျွန်တော့်ရဲ့လေးနှစ်ပြည့် မင်္ဂနှစ်ပတ်လည်နေ့လေးဖြစ်၏ သို့သော်ညနေကတည်းကသားသားကိုကျောင်းကနေကြိုပြီးနောက် အလုပ်ကိစ္စအကြောင်းပြ၍မောင်အပြင်ထွက်သွားတာ ယခုအချိန်ခုနှစ်နာရီခွဲသည့်တိုင် ပြန်ရောက်မလာသေးပေ

သားအဖသုံးယောက် ညစာအတူစားဖို့ပြင်ဆင်ထားတာမလို့သူ့ဒယ်ဒီကိုစောင့်နေတဲ့ သားသားလဲအခုချိန်ထိညစာမစားရသေးပေ အိပ်ချိန်လဲနီးပြီဖြစ်တာကြောင့် ဧည့်ခန်းမှာကာတွန့်ကားကြည့်နေတဲ့သားသားကိုခေါ်ကာ ညစာကျွေးရတော့၏

"Kooရေ  ညစာစားရအောင်လေ သားသား"

"ဒယ်ဒီ့ကိုစောင့်မယ်လေ ပါပါး"

"မစောင့်နဲ့တော့ သားဒယ်ဒီကအလုပ်မပြီးသေးလို့ထင်ပါရဲ့ နောက်ကျနေတာ အဲ့တာမို့ ပါပါးနဲ့အတူစားရအောင်နော်"

"ဟုတ်ကဲ့ ပါပါး"

ကျွန်တော့်ရဲ့ဝမ်းနည်းခြင်းတွေကို သားသားကိုမမြင်စေချင်တာကြောင့် ကျလုဆဲဆဲမျက်ရည်တွေကို ပုတ်ခပ်ကာသိမ်းဆည်းထားလိုက်သည် ထို့နောက် အဆင်သင့်ပြင်ဆင်ထားတဲ့ ထမင်းစားပွဲဝိုင်းမှာ သားသားနဲ့အတူထိုင်ကာ ထမင်းခွံ့ကျွေးဖို့ပြင်လိုက်သည်

"ပါပါး ဒယ်ဒီကအရမ်းကြာတာပဲ Kooကဒယ်ဒီ့ကိုလွမ်း"

"ဒယ်ဒီကအလုပ်မပြီးသေးလို့နေမှာ ညစာစားပြီးရင် ပါပါးက Kooလေးကို ကိုယ်လက်သန့်စင်ပေးမယ် ပြီးရင်ပုံပြင်ပြောပြပြီး ချော့သိပ်မယ်နော်"

"Kooမအိပ်ချင်သေးဘူးပါပါးနဲ့တူတူဒယ်ဒီ့ကိုစောင့်နေပေးမယ်လေ"

"လိမ္မာလိုက်တာ ပါပါးသားလေးက ဒါပေမယ့် မနက်ကျရင် သားသားကျောင်းတက်ရမယ်လေ မဟုတ်ဘူးလား ကလေးဆိုတာအိပ်ချိန်စားချိန်ပုံမှန်ရှိရတယ်သားသားရဲ့ အခုတောင်ပါပါးသားလေး ညစာစားချိန်နောက်ကျနေပြီလေနော်"

"ဟုတ် ပါပါး ဒယ်ဒီပြန်လာရင် Kooက ဒယ်ဒီ့ကို အရမ်းချစ်တယ်လို့ပြောပေးနော် ပါပါး"

"ပါပါးပြောပေးမှာပေါ့ အခုတော့ညစာစားလိုက်ရအောင်"

"ဟုတ်ကဲ့ ပါပါး"

Delusion Of HeartDonde viven las historias. Descúbrelo ahora