Ep-8(U&Z)

3.5K 398 33
                                    

Zawgyi......

Seokjin ညစာစားဖို့ အကိုဖြစ်သူအိမ်ကိုလာခါနီး Namjoonနဲ့ Taehyungကိုပါအတူဝင်ခေါ်လာခဲ့သည် ခြံရှေ့ရောက်တော့ မိမိကားရှေ့ ခေါင်းအတင်းထိုးကာလုဝင်ဖို့ကြိုးစားလာတဲ့ တစ်ဖက်ကားကြောင့် ဟွန်းတွေဆင့်တီးလိုက်ပေမယ့် ဖယ်ပေးခြင်းမရှိ

"ဘာလဲဟ သက်သက်ကြီးပိတ်ရပ်ထားတာပဲ အဲ့တာဘယ်သူ့ကားလဲ Seokjin"

Seokjinသိ၏ ထိုကားပိုင်ရှင်ကို အဘယ်ကြောင့်ဆိုမနက်က Jimin ဆိုင်ကနေသူ့ထက်အရင်ပြန်လာတာကြောင့်ထိုကားဆိုင်ရှေ့မှာရပ်ထားတာကိုတွေ့ထားသည် သူတောင် ပိုင်ရှင်ခြေထောက်ကိုနင်းရတာအားမရလို့ ကားဦးခေါင်းကို ပိတ်ကန်ပစ်ခဲ့သေးတာ

"ငါရှင်းလိုက်မယ် မင်းတို့ဆင်းမလာနဲ့"

ကားပေါ်ကနေဆင်းပြီး တစ်ဖက်ကားတံခါးကို လက်ဆစ်ဖြင့် တဒေါက်ဒေါက်ခေါက်လိုက်တော့  ရှည်လျားတဲ့ခြေတံရှည်ကြီးတစ်ဖက်အရင်ဆုံးထွက်လာ၏ ပြိုင်ကားတွေဖြစ်တာကြောင့် နိမ့်လွန်းတဲ့ ကားbodyထဲကနေ ခေါင်းလျှိုထွက်ရတာကပုံမှန်ပင်

Seokjin ကြည့်မရတဲ့သူဆီကနေ အရိုအသေပေးခံလိုက်ရတယ်လို့တောင် အသားလွတ်ထင်ပြီး နေရင်းထိုင်ရင်း ကျေနပ်လိုက်မိသေးတယ် နည်းနည်းတော့ကလေးဆန်သွားလားမသိပေမယ့် Seokjin သူ့ကိုတော့တကယ်ကို အနိုင်လိုချင်မိတာ

Jungkook ကားပေါ်ကဆင်းလာတာနဲ့ ခါးထောက်ခါမတ်တပ်ရပ်နေသူနဲ့ ရင်ဘတ်ချင်းထိကပ်လုမတတ်ယှဉ်ရပ်ပစ်လိုက်သည် ကိုယ်နဲ့အရပ်ချင်းကမတိမ်းမယိမ်းဆိုပေမယ့် ခန္ဓာကိုယ်အချိုးအစား ချင်းကတော့ကွာခြားနေသည်

ရုပ်ကလေးကချောသလောက်သူ့ကိုဆိုအမြဲရန်စွာဖို့သာ ဆုံးဖြတ်ထားတဲ့ မာနခဲလေးက စိတ်တိုနေတဲ့အချိန်ကျပြန်တော့လဲ တစ်မျိုးကြည့်ကောင်းသားပဲ မဆိုးပါဘူး မင်းရဲ့နှုတ်ခမ်းဖူးဖူးလေးက အနမ်းတွေတင်ချိုတာမဟုတ်ဘူး ငါ့ကိုဆတ်ဆတ်ထိမခံပြန်ပြောဖို့လဲ မနှောင့်နှေးတတ်ဘူးပဲ

အခုလဲသူ့ကိုလက်ညှိုးတထိုးထိုးနဲ့ သခင်တစ်ယောက်လိုစေခိုင်းနေတဲ့ Seokjin ကြောင့် ဖယ်ပေးဖို့ဆန္ဒကလုံးဝကိုရှိမနေ ကိုယ်ကသာသူ့အိမ်ထောင်ဦးစီးဖြစ်လာမယ့်ကောင် သူကကိုယ်ကိုလက်ညှိုးထိုးခိုင်းနေစရာလိုလို့လား ကိုယ်ကရောသူဒါဆိုဒါလက်ပိုက်ခေါင်းညိမ့်ရမယ့်ကောင်လား မဖြစ်နိုင်တာ

Delusion Of HeartDonde viven las historias. Descúbrelo ahora