Ep-25(U& Z)

3K 325 27
                                    

Zawgyi.......

"Baby ခဏလေးနေဦး"

"ဘာလုပ်ဦးမလို့လဲ"

Seokjin အော်ဟစ်ပြီးသာမေးလိုက်ချင်သည် ဓားပြသွားတိုက်ရမှာလား လူသွားသတ်ရမှာလားဟူ၍ပေါ့ ဆံဖျားကနေ ခြေဖမိုးအထိ သူ့စိတ်တိုင်းကျလုံခြုံနေအောင်ဝတ်လာရသည်

ဒီ့အပြင် ကားပေါ်ကဆင်းခါနီး Maskတပ်ခိုင်းနေသေး၏ လျှာထိုးဦးထုပ်ကိုလဲစောင်းထားရသည် နှစ်ယောက်စလုံးက တစ်ကိုယ်လုံးနက်စွေးနေပြီး တခြားသောသူရဲ့ အမြင်မှာ ရာကူဇာလိုလို ဂိုဏ်းစတားတွေလိုလိုတောင်ထင်မိမှာစိုးရ၏

"Mask တပ်ထားညှော်နံ့တွေနံရင် ခေါင်းကိုက်ပြီးနေမကောင်းဖြစ်လိမ့်မယ်"

"မတပ်ချင်ဘူးလို့ ငါဘာမှမဖြစ်စေရဘူးကတိပေးတယ်"

"လိမ္မာပါတယ် မောင့်ကလေးလေးရယ် တပ်ထားလိုက်ပါ မောင်ကစိတ်ပူလို့ပါ"

"မောင်ကလဲ"

"မင်းပဲမောင့်စကားနားထောင်မယ်ဆို မောင်ကမင်းအတွက်စိတ်ပူလို့လေ"

"မင်းကအရမ်းလွန်တယ်မထင်မိဘူးလား ညှော်နံ့မိပြီးနေမကောင်းဖြစ်ရအောင်ငါကမွေးကင်းစကလေးလေးမှမဟုတ်ပဲ"

"မောင်ပြောပြီးပြီလေ မင်းကမောင့်ကလေးလေးပါဆို ဗိုက်ဆာနေပြီမလား မောင့်စကားနားထောင်ပြီး Maskလေးတပ်ထားနော်"

"ပြီးရောကွာ"

ဆောင့်ဆောင့်အောင့်အောင့်အသံလေးနဲ့ပြောကာ နှုတ်ခမ်းလေးကိုစူထော်ထားတဲ့ Seokjin မျက်နှာနုဖက်ဖက်လေးအနီးနားသို့တိုးကပ်သွားပြီး Maskအနက်ရောင်လေးကိုစနစ်တကျကိုယ်တိုင်တပ်ပေးလေ၏

ထို့နောက် မိမိကိုမစောင့်ပဲ ကားပေါ်ကဆင်းသွားသူအနောက်ကို အမှီလိုက်ရပြန်သည် ကားပါကင်လဲမရှိတာမို့ ညဈေး၏လမ်းမတစ်ဖက်ခြမ်းကနေရာလွတ်လေးမှာ‌ထားထားခဲ့ရသည်

တစ်ယောက်တည်း လမ်းကူးဖို့လောနေသူ၏ လက်ဖဝါးနုနုကိုလက်တစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်ရင်း ကျန်လက်တစ်ဖက်က ပိုက်ဆံအိတ်နဲ့ဖုန်းကိုကိုင်ထားရသေးသည်

လူအနည်းငယ်များပြီး ဈေးဆိုင်လေးတွေကလဲ တစ်သက်နဲ့တစ်ကိုယ်တစ်ခါမှ မစားဖူးတဲ့ဆိုင်မျိုးတွေဖြစ်တာကြောင့် Jungkookနှာခေါင်းတရှုံ့ရှုံ့ဖြင့်သာရှိနေ၏

Delusion Of HeartDonde viven las historias. Descúbrelo ahora