Ep-24(U&Z)

3.8K 321 65
                                    

Zawgyi......

ပင်ပန်းလှသည် နားရက်မှာတောင် မနားရဘဲလချုပ်စာရင်းတွေကိုအပြီးသတ်နေရသည် ချစ်ရသူရဲ့အပြုံးလှလှလေးကိုမြင်ချင်ပါသော်လည်း စာရင်းဇယားတွေကြားခေါင်းမဖော်နိုင်သေးတာကြောင့် အမြန်လက်စသတ်ဖို့ရန်သာ ကြိုးစားပြင်ဆင်နေ၏

ထိုစဉ် ကျွီခနဲဟူသောအသံနှင့်အတူပွင့်ဟလာတဲ့တံခါးချပ်ကြောင့် Namjoon ခေါင်းမော့ကြည့်လိုက်မိစဉ် ရင်ဘတ်ထဲ၌ အအေးလှိုင်းလေးတစ်ခုဖြတ်ပြေးသွားသည်အလား အမောပြေစေကာ အေးချမ်းလှသည်

"ကိုကို့ အချစ်ကလေး ဘယ်ကနေဘယ်လိုရောက်လာတာလဲ"

"ဘယ်ကနေမှရောက်လာတာမဟုတ်ဘူး ခင်ဗျားဆီပဲလာခဲ့တာ"

သံယောဇဉ်နဲ့အချစ်ကိုမခွဲခြားတတ်တဲ့အခါ အမှားတွေကျူးလွန်ခဲ့မိတဲ့ Hoseok သည်လည်းပဲ အခုချိန်မှာ Namjoonရဲ့ဂရုစိုက်မှုတွေကြောင့် ပျော်ရွှင်ကြည်နူးနေရပြီဖြစ်သည်

ကုမ္ပဏီရုံးခန်းအထိလိုက်လာတဲ့ ချစ်ရသူကြောင့် Namjoon ဝမ်းသာမဆုံးဖြစ်နေရတော့သည် အကယ်၍များ စိတ်ဆိုးနေချိန်ထားခဲ့ဖို့ဆုံးဖြတ်ခဲ့မိပါလျှင် နောင်တအကြီးအကျယ်ရနေမိတော့မှာပင်

လက်လွှတ်ဖို့လဲဆုံးဖြတ်ခဲ့ဖူးတယ် ပြန်မချစ်နိုင်ဘူးထင်၍လည်း စိတ်ဓာတ်တွေဟိုးအောက်ဆုံးထိကျဆင်းခဲ့ဖူးသည်

အချစ်စစ်ကြောင့်နာကျင်ခဲ့ရတာတွေအတွက် ဆုလာဘ်အနေနဲ့ပြန်ရလိုက်တာက အရင်နဲ့လုံးဝမတူပဲ မျက်စိအောက်ကအပျောက်မခံချစ်တတ်လွန်းသူအဖြစ်ပြောင်းလဲသွားတဲ့ Jung Hoseokဆိုသောလူသားလေးကိုပင်ဖြစ်၏

အခုလဲ မျက်ခုံးနှစ်ဖက်ကိုထိစပ်လုမတတ်အထိတွန့်ချိုးပြီး မျက်မှောင်ကြုတ်ထားကာ နှုတ်ခမ်းလေးကိုလဲစူထော်ထားသေး၏ Namjoon အသည်းတယားယားရှိလှတာကြောင့် ထိုင်နေရာမှ Hoseokရှိရာဆီသို့ ထသွားပြီးပခုံးကနေတင်းကြပ်နေအောင်ဖက်ကာ ဆိုဖာပေါ်ထိုင်စေလိုက်သည်

"ဘာတွေအလိုမကျဖြစ်နေတာလဲ နှုတ်ခမ်းလေးကလဲထော်ထားလိုက်တာ"

"ကိုကို့ကိုလွမ်းလို့လေ နာရီလဲကြည့်ပါဦးနောက်ကျနေပြီလေ လူကိုမေ့နေပြီမလား"

Delusion Of HeartOnde histórias criam vida. Descubra agora