Ep-15(U&Z)

4.9K 395 69
                                    

Zawgyi......

‌နောက်တနေ့နံနက်လင်းသောအခါ နာကျင်မှုကိုကြိတ်မှိတ်အံတုရင်း Seokjin ရေချိုးခန်းထဲဝင်ကာ နုံးချိနေတဲ့ခန္ဓာကိုယ်ကြောင့် ရေမိုးချိုးသန့်စင်ကာ ကုမ္ပဏီသွားဖို့ရန်ပြင်ဆင်လေသည် ဘယ်အချိန်မှအိပ်သည်လဲမသိသောသူကတော့ ကုတင်ပေါ်မှာ အားယားမှောက်ကာ အိပ်ပျော်နေတုန်းပင်

အိပ်နေသူကိုလဲ မသိကျိုးကျွံပြုကာ မိမိပြင်ဆင်စရာရှိတာကိုသာ အာရုံစိုက်ထားလိုက်သည် သို့သော် အမြင်အာရုံစက်ကွင်းရဲ့ ဒေါင့်တစ်နေရာကနေ ဖျက်ခနဲမြင်လိုက်ရသည်က စူးစူးရဲရဲမျက်ဝန်းတစ်စုံ

မသိမသာလှည့်ကြည့်မိလိုက်တော့ မိမိအား ဦးခေါင်းအောက်လက်ထောက်ပြီး မမှိတ်မသုန် စိုက်ကြည့်နေတဲ့ အချိုးမပြေတဲ့အကြောတင်း ‌ကောင်ကိုတွေ့လိုက်ရသည် ဒါပေမယ့်လဲ အကြည့်တွေကို အလျင်အမြန်ပဲ လွှဲပစ်ခဲ့လိုက်သည်

အလကားနေ သူ့ကြည့်တယ်ထင်ပြီး ဘဝင်လေဟပ်နေဦးမှာ သောက်ရူးကောင်!!!

"အဲ့တာ ဘာလုပ်နေတာလဲ"

အိပ်ယာနိုးခါစ သြရှရှခပ်အက်အက်အသံဖြင့်မေးလာ၏ သို့ပေမယ့် အရေးတယူအဖက်လုပ်ပြီးပြန်လည်မဖြေခဲ့ လုပ်စရာရှိတာသာဆက်လုပ်နေခဲ့လိုက်သည်

"ဟေး! မေးနေတာကြားလား"

"မကြားဘူး"

‌မေးနေတာကိုသာအဖတ်မလုပ်တာ မကြားဘူး ကျတော့ပြန်ဖြေတယ် ဘယ်လောက်အကြောတင်းလဲသာကြည့်တော့ ရုပ်ကလေးကချောသလောက်မာနကြီးချက်ကလဲ မိုက်တယ်!!

"မကြားရင် ချစ်တယ်"

ဘယ်အခန်းကလွတ်နေလဲမသိပေမယ့် သေချာတာ ဒီအရူးကောင်က ဦးနှောက်ကအပြည့်အဝအလုပ်မလုပ်တော့ဘူး !!!

"......."

"တကယ်ပြောတာ ငါလေမင်းကို အရမ်းချစ်မိနေပြီသိလား ငါတို့တစ်ယောက်အကြောင်းတစ်ယောက်ပြောကြရအောင်"

"ငါစိတ်မဝင်စားဘူး"

"ဟ့! ငါကမင်းယောကျာ်းလေ မင်းစိတ်မဝင်စားလဲ ငါကတော့မင်းနဲ့ပက်သက်တာအကုန်သိချင်တယ်"

"ဒီမှာ မင်းအားယားနေလဲ ငါမအားဘူး ငါအလုပ်သွားရမယ် အာရုံလာမစားနဲ့"

Delusion Of HeartDonde viven las historias. Descúbrelo ahora