Ep-13(U&Z)

4K 393 41
                                    

Zawgyi.......

ပြန့်ကျဲနေတဲ့ ဓာတ်ပုံတွေကိုကြည့်ရင်း Seokjin အတွေးတွေရှုပ်ယှက်ခက်နေ၏ ဘယ်သူကရော သူတို့လူနဲ့အရမ်း လက်ထပ်ချင်နေလို့လဲ သူတို့လူယုတ်မာသာကိုယ့်ကို မလှိမ့်တပတ်နဲ့ လိမ်ညာယူခဲ့တာမဟုတ်ဘူးလား

မိမိနာမည်နဲ့အိမ်ရှေ့အထိမင်္ဂလာလက်ဖွဲ့အမည်ခံပြီးပို့လာသူကိုသိချင်နေမိသည် အကြောင်းပြချက်အတိအကျကဘာလဲမသိပေမယ့် မင်္ဂလာပွဲကိုမဖြစ်မြောက်စေချင်သူတစ်ဦးဖြစ်ပုံတန်၏

Jeon JungKookကတော့ပင်တိုင်မော်ဒယ်လ်ပေါ့ မင်းသမီးတွေသာပြောင်းသွားတယ် သို့သော် ဒီပုံတွေနဲ့ပက်သက်ပြီး Seokjin စိတ်ထဲတစိုးတစိမျှတုန်လှုပ်သွားခြင်းမရှိ ချစ်လှပါချည်ရဲ့ဆိုပြီးယုတ်မာသိမ်းပိုက်ခဲ့တာသူတို့လူဖြစ်တာမို့ ကိုယ်ကအမြဲတမ်းစင်ပေါ်ကပဲ ဟုသာတွေးထားသည်

ညနေခင်းမင်္ဂလာဆောင်မှာကို မနက်ခင်းဒီလိုပုံမျိုးပို့တော့ရော Kim Seok Jin တို့ကတုန်လှုပ်သွားမယ်ထင်လို့လား အခွင့်အရေးကောင်းတစ်ခုတောင်ဖြစ်လာဦးမယ်Jeon Jungkook ဆိုတဲ့လူယုတ်မာကို နင်းချေဖို့!!!

Seokjin ပုံတွေကိုစုသိမ်းလိုက်ပြီး မူလအိတ်ထဲထည့်ကာ အံဆွဲထဲထည့်ထားလိုက်သည် သူ၏အတွေးထဲဝင်ရောက်လာသူက Tae အခုဆိုTaeကိုအဆက်အသွယ်လုပ်မရတာ သူနဲ့စကားများပြီးတဲ့နေ့ကတည်းကပင် ထို့နောက် အိပ်ယာပေါ်ကဖုန်းကိုကောက်ယူပြီးလျှင် တစ်စုံတစ်ခုကိုသိရလို့ငြား Namjoonထံဖုန်းခေါ်လိုက်၏

"Namjoon"

"အေး ပြော"

တိုတိုတောင်းတောင်းဖြစ်နေတဲ့ Namjoonရဲ့အသံကြောင့် Seokjin ဝမ်းနည်းမိသယောင်

"Taeကိုတွေ့သေးလား"

"မတွေ့ဘူး တစ်ပတ်လောက်တောင်ရှိတော့မယ် ငါသူ့အိမ်သွားမေးတော့ ခရီးထွက်သွားတယ်တဲ့"

"ဘယ်တဲ့လဲ"

"ငါလဲမသိဘူး ငါ့အထင်တော့ Daegu များပြန်သွားတာလားမသိဘူး"

"သူအဆင်ပြေမယ် မင်းထင်လား"

"ငါမသိဘူး မင်းမချစ်တော့လို့ ငြင်းပြီးပြီမလား ဘာလို့စိတ်ပူနေသေးတာလဲ မင်းသူ့ကိုလွှတ်ပေးထားလိုက်စမ်းပါ"

Delusion Of Heartحيث تعيش القصص. اكتشف الآن