#Unicode
" ဟေး ဂျောင်ကု...ဂျောင်ကု !! "
အလုပ်စားပွဲ၌ထိုင်ပြီး ဘာသာပြန်ရန် မပြီးပြတ်သေးသော စာမူများကို ဖတ်ရှုနေချိန် သူ့နာမည်ကို အလောတကြီးခေါ်၍ ခေါင်းထောင်ကြည့်လိုက်တော့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် တစ်ဖြစ်လည်း သူငယ်ချင်းဖြစ်သူ ပတ်ဂျယ်ဟျွန်းပင်....
" ဘာဖြစ်တာလဲ ဂျယ်ဟျွန်းရာ...မင်းဟာကလည်း သေရေးရှင်ရေးကိစ္စကျလို့ "
ဂျောင်ကု မျက်မှောင်ကြုံ့ပြီး မေးလိုက်တော့ လက်ကာပြပြီး ရင်ဘက်ကိုဖိပြီး အမောဖြေနေလေသည်။
" မင်းအတွက် သတင်းကောင်းလာပြောတာကွ....ဟိုတစ်ပတ်က မင်း ဥက္ကဌမင်ရဲ့ အလုပ်ကိစ္စမှာ translator သွားလုပ်ပေးလိုက်တာလေ....အဲ့မှာ မင်းရဲ့အပြောကောင်းမှုကြောင့်ရော တစ်ဖက်က လုပ်ငန်းရှင်က သဘောကျသွားပြီး ပူပေါင်းလိုက်လို့ ဥက္ကဌမင်က မင်းကို bonus ပေးပြီး သူဌေးကကျတော့ နားရက်ပေးမယ်တဲ့....ဂျွန်ဂျောင်ကုတို့ကတော့ ဘာလုပ်လုပ် မအောင်မြင်တယ်ကို မရှိဘူး "
ဂျယ်ဟျွန်းရဲ့ စကားအဆုံး နှာမှုတ်သံကြောင့် နှုတ်ခမ်းကော့တက်သွားရုံသာ ပြုံးလိုက်သော ဂျောင်ကု....သူ့အစွမ်းအစကို သူသိနေ၍ ထိုနေ့ကတည်းက ရလဒ်ကောင်း ထွက်လာမယ်ဆိုတာ သူကြိုမှန်းထားပြီးသားဖြစ်သည်။
" ဒီလိုပဲဖြစ်ရမယ်လေ....အခု ထုံးစံအတိုင်း သူဌေးက သူ့ရုံးခန်းကို လာဖို့ ငါ့ကိုခေါ်ခိုင်းလိုက်တယ်မလား "
" အေး ဟုတ်တယ် ဟုတ်တယ်...သိနေရင်လည်း ပြီးရော...မြန်မြန်ကြွ...သွားမဲ့နိုင်ငံလည်း သေချာရွေးခဲ့ဦး "
" နှစ်ခါစဥ်းစားနေစရာတောင် မလိုဘူး....ဒီတစ်ခါတော့ ငါ့ dreamland ပဲရွေးမှာ သေချာပေါက်... "
ဂျယ်ဟျွန်းက ခေါင်းတဆက်ဆက်ငြိမ့်ပြပြီး မြန်မြန်သွား ဆိုသည့်ပုံစံဖြင့် လက်ခါပြသည်မို့ အသံထွက်အောင်ရယ်ရင်း သူဌေးရဲ့ ရုံးခန်းကိုသာ ဦးတည်လိုက်သည်...
__________________________________________At Incheon International Airport, Seoul, Korea.
* ring ring ring *
လေယာဉ်ချိန်နားနီးနေပြီမို့ airport ထဲက ခုံတန်းရှည်တစ်ခုပေါ် ထိုင်စောင့်နေရင်း ဖုန်းမြည်သံကြား၍ ကြည့်လိုက်တော့ နှစ်ယောက်မရှိတဲ့
ပတ်ဂျယ်ဟျွန်း...

KAMU SEDANG MEMBACA
The Destiny Found in Holland (Completed)
Fiksi PenggemarAnd so their love story begins all the way in Amsterdam ~