Chapter-1

4.4K 141 3
                                    

Unicode

1958

London

ချစ်ခြင်းက စိတ်ကူးယဉ်ဆန်တယ် ။
ပုံကြီးချဲ့တယ် နူးညံတယ် ။
အချစ်ကဘာမဆိုဖြစ်နိုင်တယ် ဒါပေမဲ့ လက်တွေ့ကျကျဖြစ်ရမယ် ။
ဖတ်နေကျ ဒဏ္ဌာရီပုံပြင်နဲ့ ၀တ္ထုတိုလေးတွေမှာ အချစ်အကြောင်းတွေကြားဖူးခဲ့သည် ။

Jeongguk အတွက်ကဝောာ့..

နံရံတစ်ခုလိုကွဲအက်နေတဲ့ပုံမှန်မိသားစုကကြီးပြင်းလာခဲ့တဲ့သူ ။ အမေကလည်း သူ့အဖေကိုရွံရှာသလို အဖေကလည်း အမေ့ကိုသဘောမကျဘူး ။ ဒါပေမဲ့ သူတို့တွေနှစ်တွေအကြာကြီးအတူတူနေခဲ့ကြတယ် ။ မပျော်ပဲနဲ့ ။ စိတ်ကျေနပ်မှုတွေမရှိပဲနဲ့ ။ မပြီးပြည့်စုံပဲနဲ့လေ ။ ဒါဆိုဘာလို့အတူတူနေနေကြတာလဲ ။ Jeonggukအဲ့အဖြေကိုမသိခဲ့သလို မေးလည်းမမေးကြည့်ခဲ့ဘူး ။ သူကတော့ရိုးရိုးရှင်းရှင်းပဲတွေးလိုက်တယ် ။ ချစ်တယ်ဆိုရင်ဘယ်တော့မှအဆုံးမသတ်ဘူး ။

"သူကအတော်တော်ငြိမ်တာပဲ"
"စကားလည်းအဲ့လောက်မပြောဘူး ။ စာပဲဖတ်နေတတ်ပြီး အလုပ်ပဲလုပ်နေတယ် အိမ်မှာတောင်မှလေ"
ဒါတွေက သူ့ကိုမှတ်ချက်ပေးနေကြစကားတွေပဲ ။

"မင်းစကားနည်းနည်းပဲပြောတယ်"
"ပါးစပ်လေးဘာလေးလည်း နည်းနည်းလောက်ဖွင့်ပါဦး"
"ပျင်းပျင်းရိရိလုပ်နေတာတွေ ရပ်လိုက်တော့"
အဲ့တာတွေကသူငယ်ငယ်လေးထဲက အပြောခံနေကြ ။

သူ့အတွက်တော့ စာဖတ်ခြင်းက ဘေးမှာရှိနေသမျှအရာအားလုံးနဲ့ လွတ်မြောက်ခြင်းပဲ ။
ပြီးတော့အလုပ်ကလည်း သူ့ကိုမအားလပ်စေဘူး။ အဲ့လို အလုပ်များနေရတာကိုပဲ
သူသဘောကျတယ် ။
ဘာမှမတွေးရလို့လေ ။

"ငါကတော့ အဲ့တာကိုဆွဲဆောင်မှုရှိတယ်လို့မြင်တယ် ။ ဆဲဆိုတဲ့စကားလည်းမပြောဘူး ယဉ်ကျေးတယ် ။ ပြီးတော့ သူကအရမ်းတော်တာ ။ စာအုပ်တွေအများကြီးလည်းဖတ်တယ် မြို့ထဲက ဥပဒေဌာနာမှာလည်းအလုပ်လုပ်တယ်"

Jeonggukသူ့အကြောင်းဒီလိုကောင်းတာလေးတွေကြားရတော့လည်း စိတ်ထဲနည်းနည်းပြေသွားသည် ။
သူအဲ့လောက်ကြီးဆိုးဝါးမနေဘူးပဲ ....

SOMEBODY TO LOVE //TKWhere stories live. Discover now