Unicode
အစောပိုင်းလောက်တွင်.....
အဆောက်အအုံအပြင်ဘက်သို့ Taehyungထွက်လာခဲ့သည် ။ ကောင်းကင်ကြီးကိုမော့ကြည့်တော့ တိမ်ဆိုင်တွေအစုလိုက်အစုလိုက်နှင့် မည်းမှောင်နေပြီး မကြာခင်မိုးရွာတော့မည့်အခြေအနေ ။ အိတ်ထဲမှ cigaretteတစ်လိပ်ထုတ်လိုက်ရင်းနှုတ်ခမ်းနှင့်ဖိကိုက်ထားမိသည် ။ cigaretteရဲ့အငွေ့အသက်က သူ့လည်ချောင်းတလျှောက် တရိပ်ရိပ်ဖြင့် ။
မကြာခင်ကားရောက်လာပြီး Jacksonထွက်လာကာ တံခါးအပြေးဖွင့်ပေးသည် ။ Taehyungလည်း ကားထဲ၀င်ထိုင်ရင်း တနေကုန် အလုပ်တွေနဲ့ညောင်းညာခဲ့တဲ့ ခန္ဓာကိုယ်ကြီးကို လျှော့ချပစ်ကာ မျက်လုံးမှိတ်ထားမိသည် ။
"Jeonggukအိမ်ကိုမောင်း"
နောက်ကြည့်မှန်မှတဆင့် ပင့်ကြည့်လာသောJacksonမျက်လုံးများ... တစ်ခုခုကိုမဝံမရဲဖြစ်နေဟန် ။
"ဟို...Sir... Miss Veronicaကအိမ်ပြန်ရောက်နေပါပြီ ။ Sirကို အိမ်ခေါ်လာခဲ့လို့ပြောလိုက်တယ်"
Taehyungမျက်မှောင်စုကျုံ့လာ၏ ။
"ပြန်ရောက်နေတယ်?"
Veronicaကို ကွာရှင်းဖို့ပြောပြီးနောက်ပိုင်းအိမ်ကိုမပြန်ဖြစ်ဘူး ။ နှစ်ပတ်လောက်တောင်ကြာခဲ့ပြီ ။ တခါတလေ အ၀တ်အစား၀င်ယူတာမှလွဲရင် အိမ်မှာလည်းမအိပ်ဖြစ် ။ အရင်က အချစ်တွေ အမှတ်တရတွေပြည့်နှက်နေတဲ့ အိမ်ကြီးလည်း အခုတော့ နာကျင်မှုတွေ နဲ့ သူမ'ကိုပဲမြင်ယောင်တတ်လာလို့ မပြန်ဖို့ပဲဆုံးဖြတ်ထားသည် ။
နှစ်ပတ်ဆိုတဲ့အချိန်အတွင်းမှာလည်း Veronicaက သူမ'အိမ်ကိုပဲပြန်သွားခဲ့သည် ။ အခုတော့ဘာလို့ပြန်ရောက်နေလဲတော့မသိပေမဲ့ ကွာရှင်းဖို့ကိစ္စအမြန်ဆွေးနွေးရမယ် ။
သူ Jeonggukကိုအရမ်းတွေ့ချင်နေပြီ ။ကောင်ငယ်လေးနဲ့အတူဆို သူ့အတွက်ဘာမှမလိုပဲ ရိုးရှင်းတယ် ။ Jeonggukက အိပ်ယာပေါ်မှလည်းလှသလို ဒီတိုင်းလေးလည်း သူ့အမြင်မှာလှတယ် ။
သူ့ရဲ့တစ်ပွင့်တည်းသော နူးညံ့တဲ့ moonflower လေး...ကောင်ငယ်လေးရဲ့အရာအားလုံးက Taehyungနှလုံးသားကို လှုပ်ခတ်စေတယ် ။ Jeonggukက လတ်ဆတ်တဲ့ နွေဦးနေ့လေးတွေလို နွေးထွေးပြီး ဆောင်းဦးရာသီကလေအေးလေးလို အေးမြစေတယ် ။
YOU ARE READING
SOMEBODY TO LOVE //TK
FanfictionSomebody To Love Love story of 1958 London Notes:.... [ 📌This book is not mine and I'm not a real author. I just translate this into our language ] The real author is Larryvgl on AO3 LOVERVMINS (orphan_account) ...if you guys want to read the real...