Chapter-25

595 54 8
                                    

Unicode

သူတို့အခြေအနေကတော့ ပြောရမယ်ဆို နည်းနည်းတော့ ကသိကအောင့်ဖြစ်သည် ။

တစ်ပတ်လောက်တော့ရှိသွားပြီ ။ အိမ်ထဲမှာတော့ စိတ်မချမ်းသာစရာအခိုးအငွေ့များလည်းရှိနေသည် ။ မနက်တိုင်း Veronica ရဲ့အော့အန်သံတွေကြားနေရပြီး မနက်စာကိုသူကိုယ်တိုင်ပင်လုပ်ပေးပေမဲ့ သူမ'က တခြားသပ်သပ်လုပ်စားသည် ။ Taehyung ကလည်းဘေးနားမှာရှိနေပေးပြီး အမြဲတိုင်းပြုံးရုံသာပြုံးပြသည် ။ ဒါပေမဲ့Taehyungအ‌ခြေအနေကမနက်အစောကြီးမှာတောင် ဝီစကီတစ်ခွက်ဖြင့် ။

သောကြာနေ့မနက်ခင်းမှာတော့ Jeongguk တစ်ယောက် Taehyung ရဲ့အလုပ်ခန်းရှေ့တွင်မတ်တပ်ရပ်နေမိသည် ။ အလုပ်ခုံပေါ်ခေါင်းမှောက်ထားသည့်Taehyungက လက်ထဲတွင်လည်း ကုန်နေတဲ့ဝီစကီတစ်ခွက်နှင့် ။

"Taehyung"

မနေနိုင်စွာအနားတိုးခေါ်မိတော့ ခေါင်းမော့ကြည့်လာကာ မျက်လုံးများသေချာမြင်နိုင်အောင်တဖြတ်ဖြတ်ခတ်သည် ။ သူ့ကိုသေချာမြင်သွားတော့မှ ပြုံးပြလာ၏ ။

"Hello အချစ်လေး... ဒီနေ့အတန်းမသွားသေးဘူးလား?"

Taehyung အသံကအားနည်း‌နေဟန်ခပ်အက်အက်အနေအထားတွင် ။

"ဆရာကနေမကောင်းလို့ ဒီနေ့အတန်းမရှိဘူး"

လက်ချောင်းချင်း ဆော့ကစားလျှက်ပြောနေရာမှ ကိုယ်တိုင်တောင်မသိလိုက်ပဲ လက်များကို Taehyung ပုခုံးပေါ်တင်လိုက်မိသည် ။

"ခင်ဗျား အဆင်ပြေရဲ့လား?"

"ကိုယ်ပြေပါတယ် Darling"

Taehyung ထိုင်ခုံကထလိုက်ချိန်မျာတော့ ရုတ်တရက်ယိုင်ကျသွားတဲ့ကိုယ်လုံးကြောင့် အမြန်၀င်ထိန်းလိုက်ရသည် ။

"Taehyung..ခင်ဗျား..

"ကိုယ်ပြေပါတယ်"

ရင်ခွင်ထဲမျက်နှာအပ်ထားရာမှ ထွက်ပြီး မတ်တပ်အနေအထားသို့ပြန်ပြင်သည် ။

"မနက်10တောင်မရှိသေးဘူး.. ခင်ဗျားမူးနေပြီTaehyung"

"ကိုယ်ပြေတယ်လို့ပြောတယ်လေ"

လူကြီးရဲ့အသံခပ်မာမာကြောင့် ခြေလှမ်းများနောက်ဆုတ်မိပေမဲ့ စိတ်ထဲကစိုးရိမ်နေဆဲ ။ Taehyung ကတော့ သူ့ကိုကျော်သွားကာ အခန်းထဲမှထွက်သွားလေသည် ။

SOMEBODY TO LOVE //TKWhere stories live. Discover now