Chapter-8

954 75 1
                                    

Unicode

Jeonggukတစ်ယောက် Taehyungအိမ်ခန်းထဲသို့စမ်းတဝါးဝါးပင်ရောက်ရှိသွားသည် ။ စိတ်ထဲဘာမှဖြစ်မနေပေမဲ့ Rosieနှင့်စကားများခဲ့သည့် စိတ်ရှုပ်ထွေးမှုများသာ ပြည့်နှက်နေသည် ။

ဘာမှမဆိုပဲ ငြိမ်သက်လျှက် ရှိနေသော Jeonggukဆီသို့ Taehyungတဖြေးဖြေးချည်းကပ်လာပြီး နှုတ်ခမ်းများကို ညှပ်ရိုးပေါ်တွင်နေရာယူသည် ။ သူ့လည်တိုင်ထက်မှခပ်နွေးနွေးအနမ်းကိုခံစားမိ‌လိုက်သော Jeonggukကမူ သည်းသံသေးသေးလေးမထိန်းနိုင်စွာထွက်သွားသည် ။

Taehyungလက်များခါးပေါ်သို့ရစ်ပတ်လာလေလျှင် တခါမှမခံစားခဲ့ရဖူးသော အထိအတွေ့တွေကြောင့် Jeonggukအလွန်ပင်နှစ်သက်သွားရကာ မထိန်းနိုင်စွာပြုမူမိသည် ။

ရုတ်တရက် သူ့ကိုယ်လုံးကိုအရှေ့ဘက်လှည့်စေသော Taehyungကြောင့် Jeongguk အရှေ့ဘက်ကိုယိုင်သွားပေမဲ့ ထိုလူကြီးရင်ခွင်ထဲ၌သာ...

"အင်္ကျီတွေချွတ်လိုက် .... ကိုယ် ဓာတ်ပြားသွားရွေးလိုက်ဦးမယ်"

နားထိပ်မှ ခပ်တိုတိုးကြားနေရတဲ့ အသံကို ခေါင်းငြိမ့်ပြရုံသာတုံ့ပြန်လိုက်တော့ သူ့ခါးပေါ်မှလက်များကိုတရွေ့ရွေ့ဖယ်သွားကာ အခန်းထောင့်နားဆီမှ ဓာတ်ပြားစက်ဆီသို့သွားသော Taehyung ။

အပေါ်ထပ်sweaterကို Jeonggukချွတ်လိုက်ပြီး‌နောက်ကြမ်းပြင်ပေါ်ပုံခနဲ.... Taehyungရဲ့နောက်ကျောဘက်ကြွက်သားများကိုကြည့်မိရင်းနဂိုချွတ်နေကျ အင်္ကျီကြယ်သီးများပင် မချွတ်တတ်တော့ ...

နှုတ်ခမ်းလှလှမှ သီချင်းလေးသည်းလိုက်ရင်းဘောင်းဘီရှည်ကိုတဖြေးဖြေးချွတ်ချလိုက်ကာဘေးဘက်တွင်ထားလိုက်ပေမဲ့ Taehyungကလုံး၀လှည့်မကြည့် ...
သူ့ရဲ့သီချင်းဓာတ်ပြားရွေးချယ်နေမှုအပေါ်တွင်သာစိတ်နှစ်ထားလေတော့ Jeonggukမျက်နှာဆူပုတ်ပုတ်ဖြစ်လာသည် ။

"လှည့်မကြည့်ဘူးလား?"

မနေနိုင်တဲ့အဆုံး အိမ်ယာထောင့်စွန်းပေါ်တွင်ထိုင်ကာ အမေးထုတ်မိသည် ။

"မင်းကိုယ်မှာ ဘာမှမရှိတော့ဘူးလား?"

အမေးကို အမေးနှင့်ပင် ပြန်ချေပသော Taehyungကြောင့် Jeonggukအောက်နှုတ်ခမ်းကိုအသာဖိကိုက်လိုက်၏ ။

SOMEBODY TO LOVE //TKWhere stories live. Discover now