Chapter-2

1.2K 93 9
                                    

Unicode

Jeonggukအသက်11အရွယ်တွင် လိင်တူချစ်ကြိုက်တာကိုပထမဆုံးစကြားခဲ့ရသည် ။

တစ်ခါမှမကြားဖူး မရင်းနှီးဖူးတဲ့စကားကြောင့် စိတ်ရှုပ်ထွေးမှုကိုခံစားခဲ့ရပြီး ထိုအရာကြီးကအများအတွက်ရှုပ်ချစရာလုပ်ရပ်တစ်ခုလို့လည်း သိခဲ့ရသည် ။

သူအသက်13နှစ်မရောက်ခင်အထိ အဲ့ဒါဘာကိုဆိုလိုမှန်းသေချာမသိခဲ့ဘူး ။ ဒါပေမဲ့အဲ့ဒီအရာကြီးက မကောင်းဘူး ၊ ရှက်စရာလုပ်ရပ်တစ်ခု ၊ လူအများရယ်စရာလုပ်ရပ် ၊ လူအများရိုက်နှက်ခြင်းခံရမည့်လုပ်ရပ်ဆိုတာတော့သိခဲ့ရသည် ။

Jeonggukအသက်13နှစ်တုန်းက ယောက်ျားချင်းကြိုက်တဲ့သူဆိုပြီး အခေါ်ခံခဲ့ရဖူးသည် ။

အဲ့နေ့ကို သူမှတ်မိနေတယ် ။
နေသာတဲ့နေ့တစ်နေ့ ပါပဲ ။ သူအဲ့တုန်းက သစ်ပင်ကြီးတစ်ပင်အောက်မှာစာအုပ်တစ်အုပ်ထိုင်ဖတ်နေခဲ့သည် ။ စာအုပ်နာမည်က 'Darlings and Girls' ၊ ထိုစာအုပ်ထဲမှာ လက်ခံနိုင်ခြင်း နဲ့ ဂုဏ်ယူခြင်းကို လေ့လာခဲ့ရသည် ။ အဲ့ထဲမှ ကောင်မလေးနဲ့ ကောင်လေးနမ်းတဲ့အခန်းကို ဖတ်ပြီး သူရင်ခုန်မိသေးသည် ။ ဒါပေမဲ့ ဇာတ်သိမ်းကြီးကသူ့ကိုရှုပ်ထွေးစေခဲ့တယ် ။ ဘာလို့လဲဆိုတော့ အဲ့ထဲကကောင်မလေးက သူ့ကောင်လေးနဲ့အတူတူဇာတ်သိမ်းမဲ့အစား သူ့အခင်ဆုံးသူငယ်ချင်းကောင်မလေးနဲ့အတူနေပြီးဇာတ်သိမ်းသွားခဲ့သည် ။ ဘာလို့အဲ့လိုဇာတ်သိမ်းသွားခဲ့လည်းတော့ မသိသလို ဘယ်သူ့ကိုမှလည်းမမေးခဲ့မိဘူး ။

အဲ့အချိန်မှာပဲ သူဖတ်နေတဲ့စာအုပ်ကိုဆွဲယူခြင်းခံလိုက်ရသည် ။ မော့ကြည့်တော့ သူ့ထက်အသက်ကြီးပုံပေါ်ပြီး မနက်ခင်းအပြေးလေ့ကျင့်တဲ့၀တ်စုံတွေနှင့် ကောင်လေးသုံးယောက်ကရပ်ကြည့်နေသည် ။

ထို့နောက် သူ့မျက်နှာပေါ်သို့ရောက်လာတဲ့ရိုက်ချက်များ ။ ဘာလို့အဲ့လိုအရိုက်ခံရတာလည်းတော့ သူသေချာမမှတ်မိတော့ဘူး ။ သူမှတ်မိနေခဲ့တာတော့ ယောကျာ်းချင်းကြိုက်တဲ့သူဆိုပြီးအခေါ်ခံခဲ့ရသည် ။

ပြီးတော့ သူငိုပြီးအိမ်ကိုပြန်လာခဲ့တယ် ။ အိမ်ရောက်တော့လည်းအမေ့ကိုဖက်ပြီးဆက်ငိုခဲ့သည် ။ အမေကဘာလို့ငိုတာလဲမေးတော့ သူအဲ့လိုအခေါ်ခံရတာကိုပြောပြခဲ့တယ် ။ သူ့စကားကြောင့် အမေ့ရဲ့ပုံစံက တုန်လှုပ်သလိုဖြစ်ပြီး ခုနကစိုးရိမ်တကြီးမေးတဲ့ပုံစံနှင့်မတူတော့ပဲကွဲပြားသွားသည် ။

SOMEBODY TO LOVE //TKWhere stories live. Discover now