Chapter-15

756 67 0
                                    

Unicode

Taehyungနှုတ်ခမ်းများကိုစတင်ထိကပ်ကာ ခန္ဓာကိုယ်တစ်ခုလုံးနွေးထွေးတဲ့အထိ နှုတ်ခမ်းတွေစိုစွတ်တဲ့အထိ နမ်းရှိုက်မိ၏ ။ ခဏအကြာတော့ နှုတ်ခမ်းများကိုဖယ်ခွာကာ နဖူးချင်းထိကပ်ပြီး တစ်ယောက်မျက်လုံးများတစ်ယောက်စိုက်ကြည့်ကြတော့သည် ။

"ကျွန်တော် မပြန်ချင်သေးဘူး"

"ကိုယ်ရောပဲ"

ပါး‌ပေါ်ဖွဖွလေးအုပ်ကိုင်လာသော Taehyung ။

"ဒါပေမဲ့ ကိုယ်တို့ဒီမှာပဲနေလို့မရဘူးDarling ။ အနောက်မှကျန်ခဲ့တဲ့တာ၀န်တွေအများကြီးရှိသေးတယ်"

Jeonggukသက်ပြင်းလေးသာချမိသည် ။ ဘာမှမတတ်နိုင်ခဲ့... သူတို့နှစ်ယောက် လေဆိပ်ဆီသွားပြီး London ပြန်ဖို့ပြင်ဆင်ရတော့၏ ။ Jeonggukကနောက်နေ့မှာပဲ ကျောင်းတက်ရတော့မယ်... သူသာကျောင်းတက်ရင် Taehyungနဲ့တွေ့ဖို့က မသေချာတော့ဘူး ။ နှစ်ယောက်လုံးက အလုပ်တွေရှုပ်နေတော့ တွေ့ဖြစ်ဖို့က တစ်‌ပတ်ကျော်ကျော်လောက်ကြာရင်လည်းကြာသွားနိုင်တယ် ။

ပြင်သစ်မှာနေခဲ့တဲ့ တစ်ပတ်ဆိုတဲ့အချိန်မှာ သူတို့နေ့တိုင်းနီပါးsexလုပ်ခဲ့ကြတယ် .. ကိတ်မုန့်လေးတွေဖုတ်စားကြတယ် .. လှေစီးတယ် .. မြေအိုးသေးသေးလေးတွေတောင်လုပ်ခဲ့ကြသေးတယ် ..။ အရမ်းပျော်စရာကောင်းပြီးတော့ Jeonggukမျက်နှာလေးပေါ်တွင်အပြုံးဆိုတာပျောက်ကွယ်သွားတယ်မရှိ ။ Taehyungလည်း ကောင်ငယ်လေးအနားမှတဖွားမှမခွာပဲ စိတ်ထင်ရင်ထင်သလို အနမ်းများပေးသည် ။

နှစ်ယောက်လုံးမထင်မှတ်စွာပဲ အတော်လေးနီးကပ်လာကြတယ်..။ သူတို့အတွက်မကောင်းမှန်းသိပေမဲ့ ရပ်တန့်ဖို့အတွေးမစဉ်းစားခဲ့ကြတော့ဘူး ။

လေဆိပ်သွားတဲ့ ကားပေါ်မှာလည်း Taehyungပုခုံးပေါ်မှီရင်းလိုက်ခဲ့သည် ။ Taehyungကလည်း နဖူးကိုခဏခဏဆိုသလိုနမ်းလေ့ရှိသည် ။ တော်သေးတာက ကားမောင်းတဲ့နေရာနဲ့ သူတို့ထိုင်တဲ့နေရာကို အမည်းရောင်အပြားနှင့်ကာထားလို့ နေချင်သလိုနေလို့ရသွားတယ် ။ လေယာဉ်ပေါ်မှာလည်း ကုန်ဆုံးခဲ့တဲ့အချိန်တွေထဲကအမှတ်တရလှလှလေးတွေအကြောင်းပြန်ပြောကြရင်း ရယ်မောခဲ့ကြတယ် ။ Londonရောက်တော့ အရင်နေ့က Taehyungရဲ့ ဒရိုင်ဘာကောင်လေးကလာကြိုသည် ။ Jeongguk အရင်ကလိုစိမ်းသသက်မနေတော့ပဲ လမ်းတလျှောက်လုံး Taehyungပေါင်ပေါ်ထိုင်လာကာ နမ်းချင်သလိုနမ်းသည် ။

SOMEBODY TO LOVE //TKWhere stories live. Discover now