Chapter-7

829 67 3
                                    

Unicode

စိမ်းမြမြအရောင်ရှိသော ၀က်သစ်ချအပင်နှင့်လုပ်ထားတဲ့ ဘူးလေးဆီမှမြေသင်းရနံ့လို လတ်ဆတ်တဲ့ လာဗန်ဒါအဆီအနှစ်တို့ရဲ့မွှေးရနံ့လေးသင်းသင်းလေးရနေ၏ ။ Taehyungရဲ့အိပ်ယာထက်မှ အိပ်ယာခင်းစများကို စိတ်လှုပ်ရှားစွာဆုပ်လိုက်ချေလိုက်လုပ်နေမိသည် ။ ဟိုကြည့်ဒီကြည့်မျက်လုံးများကိုကစားမိတော့ နံရံကပ်စင်လေးတွင် သီချင်းစက်ခွေများကပ်ထားတာတွေ့လိုက်ရသည် ။

အညိုရောင်shirtနှင့် trousers၀တ်ထားတဲ့ Taehyungက‌ လက်ဖျံအထိခေါက်တင်ထားသောအကျီလက်များဖြင့် ဆံပင်ပုံစံကိုလည်းထားနေကျပုံစံအတိုင်းပင် ခွဲထားသည် ။ Jeonggukကငြိမ်ငြိမ်လေးထိုင်နေပေမဲ့ ထိုလူကြီးကတော့ ဓာတ်ပြားစက်ကိုလှန်လျောရှာဖွေနေကာ တစ်ခုခုကိုဖွင့်ဖို့ပြင်ဆင်နေဟန် ။

...တစ်ခုခုမှားနေသလိုပဲ...

Jeonggukခြေထောက်များကိုလိမ်ကျစ်ထားကာ နေမထိထိုင်မထိဖြစ်နေသည် ။ Taehyungကတော့ သီချင်းရွေးပြီးသွားပုံရပြီး Jodie Sands ရဲ့ Love me tender သီချင်းလေးက အခန်းထဲပျံ့လွှင့်လာသည် ။

ဓာတ်ပြားစက်ဖွင့်ပြီးတဲ့နောက် ဆေးလိပ်မီးညှိကာနှုတ်ခမ်းနှင့်ဖိကိုက်ထားလျှက် သူ့အားစိုက်ကြည့်နေခဲ့သည် ။

"ကြောက်နေတဲ့ပုံပဲ အချစ်လေး"

မနေတတ်သလိုမျိုးရယ်ကာတုန့်ပြန်လိုက်ပြီး သူ့ခြေဖဝါးအောက်မှ ကော်ဇောအထည်လေးကိုသာစိုက်ကြည့်နေမိသည် ။

"အဲ့...အဲ့တာကလေ...

တဖြေးဖြေးနဲ့အနားတိုးလာသောTaehyungကိုမော့ကြည့်မိကာပင်

"ကျွန်တော်တို့ဘာလုပ်နေကြတာလဲဟင်?"

"ဒီလိုအချိန်မှာ ကိုယ်ကျင့်သိက္ခာအတွက်မေးခွန်းထုတ်ရမှာလား?"

Taehyungက Jeonggukမေးစေ့ကိုမော့ကာပင်မေးသည် ။

"ကျွန်တော်တို့မှာ မိန်းမတွေရှိနေတယ်လေ.. လက်ထပ်ပြီးသားတွေ...

တဖြေး‌ဖြေးနဲ့ကွာဟမှုမရှိအောင်တိုးလာတဲ့ Taehyung ။

.. Rosieက ကျွန်တော့်ကိုယုံကြည်နေတာ.. သူမ.."

SOMEBODY TO LOVE //TKWhere stories live. Discover now