Chapter-22

518 57 3
                                    

Unicode

နေ့ရက်တွေတစ်နေ့ပြီး တစ်နေ့ကုန်ဆုံးလာသည် ။ ညနေဘက်ဆို နေမင်းကြီးလည်း မြေကြီးအောက်သို့ကွယ်ပျောက်သွားပြီး နောက်နေ့မနက်ဆိုပြန်ပေါ်လာသည် ။ အချိန်တွေလည်းဆက်သွား‌နေဆဲ ညတာရှည်တွေကိုလည်းဆက်ကျော်ဖြတ်နေကြဆဲ လူတွေလည်းအသက်ဆက်နေရဆဲ ။

ထိုလူတွေထဲမှာမှ Jeonggukတစ်ယောက်ထဲ ရပ်တန့်နေ၏ ။ လွန်ခဲ့တဲ့လက အရမ်းလှတဲ့ပန်းပွင့်လေးပွင့်သလို အရာအားလုံးချိုမြိန်လှပစွာအတိ ဖြစ်နေပေမဲ့ အခုတော့လည်း သစ်ရွက်ခြောက်များကိုနင်းဖြတ်နေရသလို ခြောက်သွေ့စွာပင်ကျန်ရစ်ခဲ့သည် ။ ကောင်ငယ်လေးလုပ်တတ်တာတစ်ခုကတော့ ငိုနေခြင်းပါပဲ ။

အသုံးမကျလိုက်တာ...
Jeonggukကိုယ့်ကိုကိုယ်တွေးမိလိုက်သည် ။

ဘယ်တော့မှပြန်ချစ်မလာနိုင်မဲ့လူဆီကိုပြေးသွားနေလို့ အသုံးမကျဘူး ။ လက်ထပ်ပြီးသားယောက်ျားတစ်ယောက်ကိုချစ်မိလို့လည်း အသုံးမကျဘူး ။ မိန်းမကိုယ်၀န်ရှိနေတာတောင် မစွန့်လွှတ်နိုင်လို့ ၊ ကိုယ်တိုင်ကလည်းလက်ထပ်ပြီးသားကို မစဉ်းစားမဆင်ချင်နိုင်လို့ အသုံးမကျဘူး ။ ယောက်ျားလေးတစ်ယောက်ဖြစ်နေလို့လဲ အရာအားလုံးအရှုံးပေးခဲ့ရတဲ့အထိ အသုံးမကျခဲ့ဘူး ။

အရှေ့မှလမ်းကို Jeonggukအားယူကြည့်လိုက်သည် ။ ချောက်ကြီးတစ်ခုလိုအရာအားလုံးမှောင်မည်းနေ၏ ။ ဘာကြောင့်ဒီကိုလာမိတာလည်း မသိပါ ။

အနောက်မှယောက်ျားလေးနှစ်ယောက် ဘေးနားမှဖြတ်သွားသည် ။ လူမှုပတ်၀န်းကျင်ကိုပင်ပန်းနေဟန် အရာအားလုံးသေချာဆုံးဖြတ်ထားတဲ့ပုံစံမျိုးဖြင့် အချင်းချင်းရယ်မောကာ ကွဲအပ်နေတဲ့ နံရံတွေရှိတဲ့လမ်းကြားထဲ၀င်သွားကြသည် ။ Jeonggukလည်းစဉ်းစား
မနေတော့ စိတ်ကျေနပ်မှုတစ်ခုရအောင် အနောက်မှလိုက်သွားမိသည် ။

သူဘ၀ကြီးတစ်ခုလုံးက ဗလာသက်သက်ကြီး ...။ သူ့ကိုယ်သူဘယ်သူမှန်းလည်းသေချာမသိခဲ့ဘူး ။ ဘယ်တော့မှလည်းမှန်နေတယ်လို့မခံစားရသလိုစိတ်ကျေနပ်မှုတွေလည်းမခံစားရခဲ့ဘူး ။ သူကျော်ဖြတ်ခဲ့တဲ့ ဘ၀ကြီးရဲ့အချိန်တွေအားလုံးကအလိမ်အညာတွေဆိုတာ ပူလောင်နေတဲ့မီးတောက်ကြီးတစ်ခုကိုမတွေ့ခင်မှာပဲသိလိုက်ရသည် ။

SOMEBODY TO LOVE //TKWhere stories live. Discover now