Chapter-6

927 77 1
                                    

Unicode

တစ်ပတ်လောက်တော့ ဝါးတားတားနှင့်ပင်ဖြတ်သန်းသွားသည် ။ ဘုရားသခင်ကျေးဇူးတော်ကြောင့် နောက်နှစ်အသစ်ဖြစ်တဲ့ 60sကိုတောင်ချည်းကပ်လာပြီ ။ အခုတော့1959 , ... ဒုတိယကမ္ဘာစစ်အပြီး 14နှစ်အကြာထိ ငြိမ်းချမ်းရေး ရန်လိုမှုများရပ်ဆိုင်းရေး အနှောင့်အယှက်တွေကင်းဝေးတဲ့ကာလများ ရရှိခဲ့သည် ။

စစ်ပွဲဖြစ်ချိန်တုန်းက Jeonggukအသက် 3နှစ်သာရှိသေးပြီး သူ့ရဲ့ငယ်ဘ၀ကတော့ စစ်အတွင်းအမှောင်ချထားတဲ့နေရာမှာ ပိတ်ခံခဲ့ရသည် ။ နေ့ဘက်တွေဆို ဗုံးကျွင်းထဲတွင်ပဲနေရကာ ညဘက်တွေဆို စစ်ပွဲကိုထွက်သွားရပြီးပြန်မလာတော့တဲ့အဖေကိုတွေးကာ အမေ့ရင်ခွင်ထဲတွင်ငိုခဲ့ရသည် ။

14နှစ်ကြာတဲ့အထိ တစ်ကမ္ဘာလုံးပျော်ရွှင်နိုင်မဲ့ငြိမ်းချမ်းရေးကို သူရှာမတွေ့မိသေးပါဘူး ။

Jeonggukအိမ်တွင်းအောင်းနေတာ ရက်အတော်ကြာနေပြီ ။ ဆောင်းရာသီကိုမမုန်းပေမဲ့ အေးစက်နေတဲ့ခံစားချက်ကြောင့် သူအပြင်မထွက်ချင် ။ အခုတော့ ဆောင်းတွင်းကသူ့ရန်သူလိုတောင်ဖြစ်လာသည် ။ ‌မဖြေရှင်းတတ်တဲ့ရင်ထဲကခံစားချက်မျိုးစုံနှင့်အတူ ရှုပ်‌ထွေးနေတဲ့သူ့စိတ်အစဉ်တွေ အေးခဲမှုကြောင့်နီရဲနေမဲ့သူ့ပါးပြင်တွေ ... အေးခဲခြင်း ထုံကျဉ်ခြင်း မှောင်မိုက်ခြင်းတွေကြောင့် သူတကယ်ပင် ဆောင်းတွင်းကြီးကိုမနှစ်သက်တော့ပါ ။

Taehyungရဲ့မျက်လုံးအကြည့်တွေကိုပဲဖော်ပြနေတာလား ဆောင်းတွင်းရဲ့အေးခဲမှုကိုပဲရည်ညွှန်းချင်တာလား သူ့ကိုသူတောင်မသိတော့ ။

"အိမ်ထဲကမထွက်တာ 7ရက်ရှိနေပြီ ဟုတ်လား?!Oh dear ရှင်အပြင်ထွက်သင့်တယ် ။ 31ရက်နေ့ကျရင်ရော ရှင်ဘာလုပ်မှာလဲ? ကျွန်မတို့အတူတူတုန်းကဆို partiesတွေလုပ်ခဲ့ကြ‌တာနော် ... အနားမှာမရှိတာတောင်းပန်ပါတယ် ။ Veronicaကပြောတယ် Taehyungက သူငယ်ချင်းတွေနဲ့အတူရှိမှာတဲ့ ရှင်ရောသူ့ဆီမသွားဘူးလားဟင်"

ဖုန်းထဲမှ စိုးရိမ်တကြီးပြောနေတဲ့ Rosieကြောင့် Jeonggukသက်ပြင်းချလိုက်ကာ လက်ထဲမှာ Telephoneအမည်းရောင်ခွက်လေးကို ‌တို့ထိတို့ထိလုပ်နေမိသည် ။

SOMEBODY TO LOVE //TKWhere stories live. Discover now