Chapter-10

826 61 0
                                    

Unicode

အမည်းရောင် သစ်သားတံခါးလေးပိတ်သံကလွဲ၍ အခန်းထဲတွင် ငြိမ်သက်တိတ်ဆိတ်နေသည် ။ Taehyungရဲ့ဖိနပ်ခုံတွင် နှင်းတို့ဖြင်စိုစွတ်နေ၏ ။

"ဒါ... မင်းအိမ်လား?"

Taehyungရဲ့မေးသံကို ဂရုမစိုက်အားပဲ အိမ်ထဲတွင် Rosieရှိမရှိ အိပ်ခန်းထဲ ရေချိုးခန်းထဲ မီးဖိုချောင်ထဲ သူ့စာဖတ်ခန်းပါမကျန် အကုန်လိုက်ရှာမိသည် ။ မရှိတာသေချာသွားမှ Taehyungအမေးကိုပြန်ဖြေလိုက်သည် ။

"Yeah.. "

သူ့ coatကို ဖြစ်သလိုပင် ဆိုဖာပေါ်သို့ချကာ Taehyungကိုစိုက်ကြည့်လိုက်၏ ။

"Rosieအိမ်မှာမရှိဘူး"

"စိတ်မကောင်းစရာပဲ"

အိမ်ထဲသို့ Taehyungဝေ့ကြည့်ရင်း

"ဘယ်လိုဖြစ်လို့လဲ?"

"သူမက nusring ကျောင်းမှာပဲဖြစ်ဖြစ် ဒါမှမဟုတ်တစ်နေရာရာမှာပေါ့"

Jeonggukခပ်မြန်မြန်‌ဖြေရင်းပင် Taehyung အနီးသို့သွားကာ အကျီကော်လံစကိုဆွဲကိုင်လျှက် နှုတ်ခမ်းချင်းထိကပ်စေသည် ။ ထိုအနမ်းများကို Taehyungကလည်း ခဏလောက်တုန့်ပြန်ပြီး ရှောင်ဖယ်သွားသည် ။

"ကိုယ့်အတွက် လက်ဖက်ရည်ရနိုင်မလား?"

"ဟင်? လက်ဖက်ရည်? .. အာ... ဟုတ်ပြီ ဟုတ်ပြီ ကျွန်တော် လက်ဖက်ရည်ဖျော်ပေးမယ်"

Jeonggukထပ်နမ်းလိုက်၏ ။ Taehyungလည်းထိုအနမ်းကို ခဏမျှသာတုန့်ပြန်ပြီး ပြန်ခွာသွားပြန်သည် ။ Jeonggukခြေဖျားထောက်ကာ နောက်တကြိမ်ထပ်နမ်းဖို့ပြင်လိုက်ပေမဲ့ ခပ်ဝေးဝေးသို့လမ်းလျှောက်သွားသောTaehyung ....

"အဲ့တော့.. Rosieက nusringကျောင်းကိုစတက်....

"ဘာဖြစ်လို့လဲ?"

Jeonggukအသံတွင် ရှက်ရွံမှုနှင့်မဝံ့မရဲခံစားချက်များပါ၀င်နေသည် ။

"ဘာလို့မနမ်းတာလဲ? ကျွန်တော် တစ်ခုခုအမှားလုပ်ခဲ့လို့လား?"

"ဟင်?...အဲ့တာ ဒီတိုင်းပါပဲ...

Taehyungကဖြေလည်းဖြေ လက်ပိုက်လျှက်ပင် Jeonggukအားစိုက်ကြည့်သည် ။

"ကိုယ်က အရမ်းတွယ်ကပ်ရင်မကြိုက်လို့ပါ"

Jeonggukမျက်လုံးများ၀ိုင်းတက်သွားသည် ။ Taehyungက သူမဖြစ်ချင်တာကို တည့်တိုးပြောတတ်တဲ့လူစားမျိုးပင်....
ထိုကြောင့် Jeonggukရင်ထဲ ရှက်ရွံမှုတို့ဖြင့်တဆတ်ဆတ်တုန်ရင်သွားသည် ။

SOMEBODY TO LOVE //TKWhere stories live. Discover now