Chapter-24

585 57 1
                                    

Unicode

Taehyungအိမ်ရှေ့သို့ သူရောက်လာချိန်မှာတော့ကောင်းကင်ကြီးကလည်းမိုးရိပ်မိုးသားများဖြင့်မှောင်မည်းနေသည် ။ Jeonggukရဲ့မျက်နှာလေးကဖြူဖျော့နေပြီး တကိုယ်လုံးလည်းတုန်ရီနေ၏ ။ ဒီအချိန်မှာ သူ့အတွက်တစ်စုံတစ်ယောက်ရှိဖို့လိုနေတယ် ဒါပေမဲ့ အိမ်တံခါးကိုဖွင့်လာတဲ့သူက Taehyungမဟုတ်ခဲ့ပဲ Veronicaပင် ။

Jeonggukတကိုယ်လုံးကျုံ့၀င်သွားပြီး မျက်နှာလေးကပိုအားငယ်သွားသည် ။

"ကျွန်တော် ဘယ်နေရာသွားရမှန်းမသိလို့"

အပြင်ဘက်မှ မိုးဖွားတွေကျနေတာကြောင့်ရော မကြာခင်ရွာတော့မည့်အခြေအနေကြောင့်ရော Veronicaတံခါးဖွင့်ပေးလာသည် ။
အိမ်ထဲ၀င်လိုက်ပေမဲ့ ပုံမှန်မဟုတ်တဲ့သူတို့အခြေအနေကြောင့် Jeonggukစိတ်ထဲ ကျူးကျော်သူလိုခံစားနေရသည် ။

"Rosieသိသွားပြီမလား?"

Jeonggukဘာမှမဆိုခင်မှာပဲ သူမ'ကဖြတ်ပြောသည် ။ Jeongguk သူမ'ကိုစိုက်ကြည့်လိုက်ရင်းမှခေါင်းငြိမ့်ပြကာ မျက်ရည်လေးကျဆင်းခွင့်ပေးလိုက်သည် ။

"ကျွန်တော် စိတ်မသန့်သလိုခံစားနေရတယ် ။ သူမ'နဲ့အတင်းအကျပ်လက်ထပ်ခဲ့ရပေမဲ့ Rosieက စိတ်ပျက်တဲ့အရာတစ်ခုမှမလုပ်ခဲ့ဘူး.. အမြဲကြင်နာတတ်ပြီး သဘော‌ကောင်းခဲ့တာ... အခုလို အခုလိုမျိုး ရိုင်းလိမ့်မယ်လို့မထင်ထားဘူး"

"မင်းက သူ့အပေါ်ဖောက်ပြန်နေခဲ့တာလေ အဲ့တာသူ့ကိုရယ်ပြနေ‌စေချင်တာလား?"

Veronicaရဲ့အသံကမယုံနိုင်ဖွယ်တစ်ခုခုကိုရေရွတ်လိုက်သလိုမျိုး ။ Jeonggukသူမ'နှင့်ခပ်ဝေးဝေးတွင် မတ်တပ်ရပ်လိုက်သည် ။

"မ မဟုတ်ပါဘူး ။ ကျွန်တော့်အပေါ်စိတ်ဆိုးလည်းရပါတယ် ဒါပေမဲ့ သူမ'က Taehyungနဲ့ဖြစ်တာစိတ်ဆိုးမဲ့အစား ကျွန်တော်gayဆိုတဲ့အရာကို ပိုပြီးစိတ်တိုနေတယ်"

"အိုး Rosieကသိပ်တုံးတာပဲ ။ သူ့ယောက်ျားက သူငယ်ချင်းအရင်းကြီးရဲ့ယောက်ျားကိုကြိုက်နေပြီးတော့ တူတူအိပ်ချင်နေတာကို ဘယ်လိုလုပ်ပြီးဒီလိုလေးပဲ တုန့်ပြန်ရတာလဲ?"

Veronicaရဲ့ခပ်ထေ့ထေ့စကားပြောသံကြောင့် Jeonggukသူမ'အား မမှိတ်မသုန်ပြန်ကြည့်မိသည် ။

SOMEBODY TO LOVE //TKWhere stories live. Discover now