Chapter-26

589 50 12
                                    

Unicode

"Good Morning"

အိပ်တ၀က်နိုးတ၀က်ဖြစ်နေချိန်မှာပဲ နူးညံတဲ့အသံလေးတစ်ခုက Taehyung နားအတွင်း၀င်ရောက်လာသည် ။ မျက်လုံးကိုအားယူဖွင့်တော့ ပြတင်းပေါက်မှတိုး၀င်နေတဲ့နေရောင်ခြည်ကြောင့် ဖြေးဖြေးချင်းဖွင့်ပြီးမှ အသံပိုင်ရှင်ကိုကြည့်လိုက်သည် ။ အပြင်ဘက်တွင်တော့ London ရဲ့နွေဦးရာသီကရောက်နှင့်နေလျှက် ။

လက်ဖက်ရည်ဗန်းကိုကိုင်ကာ မတ်တပ်ရပ်သော Jeongguk က အပြုံးနုနုများဖြင့် ကြိုဆိုနေသည် ။ လှဲနေတဲ့ အိပ်ယာပေါ်သို့ လွှဲထိုင်ရင်း ရယ်ပြလာပြန်သည် ။

"ကျွန်တော် လက်ဖက်ရည်လေးလုပ်ထားတယ် အချစ်"

ထို့နောက်လက်များက ခေါင်းပေါ်သို့အသာအယာပွတ်သပ်ပေးလာသည် ။

"နေလို့ကောင်းရဲ့လား?"

"ကောင်းသွားပြီ"

မနက်ခင်းTaehyungအသံကပို၍ဩနေသည် ။
ထထိုင်လာလျှင် Jeongguk လည်း ပါးပေါ်သို့အနမ်းပေးလိုက်ပေမဲ့ သူတို့အခြေအနေကိုပြန်သတိရသွားမိတော့ ချက်ချင်းပင်ပြန်ခွာလိုက်သည် ။

Taehyung ကတော့ သူလုပ်ပေးထားတဲ့ လက်ဖက်ရည်ခွက်လေးကိုမြှောက်ကိုင်လိုက်ပေမဲ့ ယိမ်းထိုးနေသောလက်များကြောင့် အမြန်ပင်ဆုပ်ကိုင်လိုက်သည် ။

"ခင်ဗျား လက်တွေတုန်နေတယ်"

"အေးလို့နေမယ်"

Jeongguk ခေါင်းလေးစောင်းကာပင်စဉ်းစားမိတော့သည် ။ အပြင်ဘက်ကရာသီဥတုက အေးလာရမဲ့အစား တစ်နေ့ထက်တစ်နေ့ပို၍ ပို၍နွေးလာနေတာကို...။ လက်များကို Taehyung ပါးပြင်ပေါ်ပွတ်သပ်ကာ စမ်းကြည့်မိတော့သည် ။

"ကိုယ်တွေပူနေတယ် ။ ဖျားနေတာဖြစ်မယ်"

ပါးပေါ်မှလက်ကိုဖယ်လိုက်ပြီး အိပ်ယာပေါ်မှ ပြန်ထလိုက်တော့ Taehyung ကတားလာသည် ။

"ကိုယ့်ကိုစိတ်မပူပါနဲ့.. ကိုယ်အဆင်ပြေနေပါတယ်..။ မင်းအများကြီးလုပ်ပေးပြီးပြီ.."

"လက်ဖက်ရည်ထဲ ပျားရည်လေးသွားထည့်ပေးမယ်.."

သူ့အပြောကို လက်မခံသလို Taehyung ခေါင်းခါပြသည် ။

SOMEBODY TO LOVE //TKWhere stories live. Discover now