Unicode
Jeonggukမျက်လုံးများတလဲ့လဲ့ဖြစ်နေကာ မျက်ရည်တွေကျဆင်းမနေဖို့မနည်းတောင့်ခံနေရသည် ။ ဒီမျက်ရည်တွေက ၀မ်းနည်းလို့မဟုတ်ရပါဘူး... အိပ်မရတဲ့ညတွေနဲ့ မိန်းကလေးအဖြစ်တွေးထင်နေရတဲ့စိတ်တွေကြောင့် မခံမချင့်နိုင်ငိုချင်စိတ်တွေပေါ်ထွက်လာလို့ပါ ။
ပုခုံးတစ်ဖက်ပေါ်လျှောကျနေတဲ့ shirtအကျီကြီးကြား Jeonggukရဲ့ခန္ဓာကိုယ်အသားအရည်ကဖျော့တော့တော့... ။
ညှပ်ရိုးနားလေးမှာဖြစ်တည်နေတဲ့ စိန်ဆွဲသီးလေးကိုကြည့်ရင်း ပြုံးလိုက်မိသည် ။ဒါလေးကသူ့ကိုစိတ်သက်သာရာရစေလို့တော်သေးတယ်... ဒါပေမဲ့လည်း ဒီလိုသေးငယ်တဲ့အရာလေးက စိတ်ကိုဖြည့်တင်းပေးဖို့အများကြီးစွမ်းဆောင်နိုင်တာတော့မဟုတ် ။
Rosieရဲ့မှန်တင်ခုံရှေ့လေးတွင်ထိုင်ကာ မိမိပုံရိပ်ကိုကြည့်နေမိ၏ ။ အဖြူရောင်မှန်တင်ခုံလေးကိုကြည့်ရင်း သူမရဲ့လှပတဲ့အဆင်းကိုမြင်ယောင်လာသည် ။
အပြစ်ပြောစရာမရှိအောင် Rosieကလှပါသည် ။ ပင်ကိုယ်ပန်းဆီရောင်သမ်းနေတဲ့နှုတ်ခမ်းလေးက နှုတ်ခမ်းနီဆိုးလိုက်ရင် ပိုရဲတောက်သွားစေတယ်... ရွှေရောင်ဆံပင်ရှည်အလိမ်ကြီးကလည်းပုခုံးနားလေးမှာဝဲဝဲလေးကျနေတာက ပိုပြီးအလှကိုပိုလွင်စေပြီးတော့.. ခန္ဓာကိုယ်သေးသေးလေးကလည်း ဂါ၀န်ကားကားလေး၀တ်လိုက်ရင် ပိုသေးသွယ်ပြီး ကြည့်ကောင်းသွားသလို ပန်းရောင်သမ်းနေတဲ့လက်သည်းခွံလေးတွေကလည်း လက်ချောင်းသွယ်သွယ်လေးကိုပို၍လှနေပြန်သည် ။
Rosieကရုပ်ပိုင်းဆိုင်ရာတင်လှတာမဟုတ်ပဲ စိတ်ထားကပါအစလှတာ...
သူမကိုကြည့်တိုင်းအလှတရားတွေနှင့်ပင် ပြည့်နှက်နေသည် ။Jeongguk တခါမှ Rosieကိုချစ်မသွားခဲ့မိဘူး.... သူကအားကျနေခဲ့တာ...သူ့ရဲ့မသိစိတ်ကအားကျနေခဲ့တာ
သူတောင်မသိလိုက်ပါပဲ Rosieလိုဖြစ်ရင်ကောင်းမယ်လို့ အမြဲတွေးပြီးအားကျနေခဲ့တယ် ။
တကယ်လို့ Rosieသာ Taehyungနှင့်အတူတူဖြစ်ခဲ့မယ်ဆိုရင် Taehyung အတွက်အရာရာအားလုံးအဆင်သင့်ဖြစ်ပေးနိုင်မဲ့ မိန်းကလေးဖြစ်လိမ့်မယ်...။ သူတို့နမ်းချင်သလိုအချိန်တိုင်း နေရာတိုင်းနမ်းလို့ရမယ် Taehyungကလည်း သူမခန္ဓာကိုယ်သေးသေးလေးကိုတယုတယဖက်လိမ့်မယ်..။ သူတို့နှစ်ယောက်ရဲ့ရွှေရောင်ဆံပင်တွေက ရေနဲ့သဲသောင်လိုမျိုးလိုက်ဖက်နေကြမှာပဲ...။

YOU ARE READING
SOMEBODY TO LOVE //TK
FanfictionSomebody To Love Love story of 1958 London Notes:.... [ 📌This book is not mine and I'm not a real author. I just translate this into our language ] The real author is Larryvgl on AO3 LOVERVMINS (orphan_account) ...if you guys want to read the real...