Chapter-23

616 57 9
                                    

Unicode

အိမ်မက်ဆိုးတွေနဲ့ဖြတ်သန်းရတဲ့ညတွေ

ဘေးပတ်၀န်းကျင်အရာအားလုံးက ပြိုကျနေတယ် ပြိုကျနေဆဲ ပြိုကျနေမြဲ ။ မြေကြီးကဘယ်နေရာမှန်းမသိတော့သလို ကောင်းကင်ကြီးလည်းဘယ်ကနေစနေမှန်း Taehyungမသိတော့ပါ ။ တကိုယ်လုံး လေထဲလွင့်မျောနေပြီး ခေါင်းထဲတွင်လည်းအမြဲမူးနှောက်နေကာအာခေါင်တွေလည်းခြောက်သွေ့နေသည် ။

အခုချိန်မှာသူသိတာဆိုလို့ အမြဲစဉ်းစားနေမိတတ်တဲ့အရာလေးတစ်ခုပါပဲ ။

Taehyungအိမ်ထဲသို့ယိုင်နဲ့နဲ့နှင့်၀င်လာသည် ။ စိတ်ထဲမှာလည်း အပတ်အတော်ကြာမတွေးဖြစ်အောင်ကြိုးစားခဲ့တဲ့ Jeongguk အကြောင်းများသာ တဝဲလည်လည် ။ ပြန်မတွေးဖြစ်အောင်ကြိုးစားနေမိတဲ့ကောင်ငယ်လေးက Taehyungဆီကိုတန်းတန်းမတ်မတ်ပြန်ရောက်လာကာ ဖုံးကွယ်ထားခဲ့တဲ့အကြောက်တရားတစ်ခုကို တူးဖော်ပေးခဲ့သည် ။

ခင်ဗျားက အသုံးကျဘူး Taehyung

"Ah.. ပြန်လာပြီလား Taehyung"

လှေကားပေါ်မှ ဆင်းလာတဲ့ Veronica က အိမ်ထဲ၀င်လာတဲ့ သူမ'ယောက်ျားကိုလှမ်းနှုတ်ဆက်သည် ။ အနီရောင်ဗိုက်ဖုံးအကျီ၀တ်ထားတဲ့သူမ'က ပြုံးပြကာပင် Taehyungအနားသို့လှမ်းလာသည် ။

"ဒီနေ့ ဆရာ၀န်က စိတ်တွေတည်ငြိမ်အောင်လို့ တစ်ခုခုလုပ်ပေးသင့်တယ်ဆိုလို့ ငါချည်ထိုးနေတာ"

လက်ထဲမှာလည်း ထိုးလက်စ sweater အကျီအနီရောင်သေးသေးလေးနှင့် ။

"ချစ်စရာလေးမလား? ငါတို့ကလေးနဲ့တော်...

အနားရောက်မှ မြင်လိုက်ရတဲ့ Taehyungမျက်ရည်များကြောင့် သူမ'စကားလုံးများရပ်တန့်သွားသည် ။

"အိုး... Taehyung ဘာဖြစ်လို့လဲ"

ရုတ်တရက်ပဲ သူမ'ပေါ်ပြိုလဲကျလာပြီးလည်တိုင်ထဲမျက်နှာဖွက်ကာ တင်းတင်းကျပ်ကျပ်ဖက်လာသောTaehyung ။ ထိုအခြေအနေကြောင့် ထိတ်လန့်သွားပေမဲ့ Taehyungကိုပြန်ဖက်ပေးလိုက်သည် ။

"Taehyung..."

Veronicaအသံနူးညံလို့နေ၏ ။
သူမ'ဆီမှာ Taehyungအပေါ်ကြမ်းတမ်းလိုစိတ်များရှိမနေတော့ပါ ။ ကလေးရသွားပြီးထဲက အမူအကျင့်များပြောင်းလာရင်း သူမ'အမေလို နူးညံပြီး ချစ်တတ်တဲ့ မိန်းမတစ်ယောက်ဖြစ်အောင်ကြိုးစားခဲ့သည် ။ Veronicaဘယ်လိုပဲကျေးဇူးမသိတတ်ခဲ့ အမေက နောက်ဆုံးအထိ အချစ်တွေပဲပေးခဲ့သည် ။ သူမ'အမေလို အမေတစ်ယောက်ဖြစ်အောင် နေထိုင်ဖို့ဆုံးဖြတ်ထားတာကြောင့်လည်း Taehyung အပေါ်အရင်ကလိုကြမ်းကြမ်းတမ်းတမ်းမဆက်ဆံရက်တော့ပါ ။

SOMEBODY TO LOVE //TKWhere stories live. Discover now