Chapter ~1~
Yi Xing ဆိုတဲ့ သူက Suho အမြင်မှာတော့ ပုံမှန်မဆန်ဘဲ သူများတွေနဲ့ ကွဲပြားနေတဲ့ လူတစ်ယောက်ဖြစ်သည်။ Yi Xing က ခပ်ကြောင်ကြောင်ပုံစံမျိုး၊ အရူးတစ်ယောက်လိုမျိုး ဖြစ်နေလို့ ဒီလို ပြောတာတော့ မဟုတ်ပါ။ သူ့ကိုကြည့်ရတာ အထီးကျန်ဆန်နေတဲ့ပုံ ပေါက်နေတာကြောင့် ပြောတာပါလေ။Su Ho ကတော့ ဒီနိုင်ငံခြား ဘာသာစကား တက္ကသိုလ်မှာ နာမည်ကြီးတယ်လို့ ပြောလို့ရတဲ့သူမျိုးပါ။ ရိုးသားကြိုးစားပြီး အမြဲတမ်းလိုလို သူ့သွားတွေကို ထုတ်ကြွားနေတတ်တဲ့ ခပ်ခန့်ခန့် ကောင်လေးတစ်ယောက်ပေါ့။ ဒါပေမဲ့ Yi xing ကတော့ သူနဲ့ လုံးဝကို ဆန့်ကျင်ဘက်။ အချင်းချင်း အဖြူနဲ့အမည်း၊ ဆီနဲ့ရေ၊ အလင်းနဲ့အမှောင် လောက်ကို ကွာခြားသူတွေဖြစ်သည်။
Yi Xing က စာကြိုးစားတတ်တဲ့သူ မဟုတ်။ ဘယ်တော့မှလည်း ပြုံးလေ့ပြုံးထ မရှိ။ ဒါပေမဲ့ ချောတာတော့ ချောပါသည်။ ပြောရမယ်ဆို Su Ho ထက်တောင် ပိုပြီး ချောမောသေးသည်။
သူ့ကို ဘယ်သူမှလည်း အနိုင်ကျင့်နေတာ မဟုတ်၊ ဘယ်သူမှလည်း သူ့ကို လှောင်ရယ်နေလေ့မရှိ။
ဒါဆိုရင် Yi xing က ဘာလို့ သူများတွေဆီက တသီးတသန့် ခွဲထွက်နေချင်နေရတာလဲ ဆိုတာကတော့...
~•~•~•~
Su Ho စိတ်အလျင်က နေ့လယ်စာပေါ်မှာ မရှိ။ Yi Xing ကြောင့် စိတ်တွေက လွင့်မြောနေသည်။ နေ့လယ်စာ ဆက်စားဖို့ကိုတောင် မေ့နေတော့ သူ့ရဲ့ သူငယ်ချင်း၊ အင်မတန် ဟာသဉာဏ်ရွှင်လှပါတယ်ဆိုတဲ့ Jong Dae က ပခုံးကို လာတို့ရသည်။ အဲ... လက်နဲ့ရိုက်လိုက်တယ်ဆို ပိုမှန်ပါလိမ့်မယ်လေ။
"ဟေ့ကောင်... Jun. မင်းနေ့လယ်စာ မစားဘူးလား။"
"အင်... အမ်... စားမှာပေါ့။"
Suho ပြောရင်း အခုထိ လုံးဝမထိရသေးတဲ့ နေ့လယ်စာထည့်ထားသော ပန်းကန်ဆီကို ငုံ့ကြည့်မိလိုက်သည်။
YOU ARE READING
Into Your Isolated World [SuLay/LayHo] MYANMAR
FanfictionJun Myeon ဆိုတဲ့နာမည်ရင်းထက် Suho ဆိုတဲ့ နာမည်နဲ့သာ လူသိများတဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်က ပါးချိုင့်လေးကို လျှိုထားပြီး ဗလာသက်သက်အကြည့်တွေနဲ့ ဖြည့်ကာထားတဲ့ မျက်ဝန်းတစ်စုံရဲ့ ပိုင်ရှင်ကောင်လေးတစ်ယောက်ကို သတိထားမိသွားတဲ့အခါမှာတော့.... သူ့ရဲ့သီးသန့်က...