Chapter 4
*ပျင်းစရာကောင်းတယ်... တော်တော်ကြီးကို ပျင်းစရာကောင်းတယ်။*
Suho တွေးမိရင်း ဒူးနှစ်ဖက်ကို ထောင်ကာ လက်မောင်းနှင့် ပိုက်လိုက်မိသည်။ လောလောဆယ်တော့ သူ့ရဲ့အိတ်တွေနဲ့ ဖိုင်တွေအားလုံးကို ဘေးမှာ ပုံထားသည်။ Suho ပျင်းနေတာ၊ တကယ်ပျင်းနေတာပါ။ သူနဲ့ Yi Xing တို့နှစ်ယောက် ဘေးချင်းကပ် ထိုင်နေကြတာသာ နာရီဝက်လောက် ရှိနေပြီဆိုပေမဲ့ စကားကျတော့ တစ်ခွန်းတောင် ဖြစ်ဖြစ်မြောက်မြောက် မပြောဖြစ်ကြဘူးလေ။
Suho ဒူးခေါင်းပေါ် မေးတင်ရင်း ဘေးနားမှာ ရှိနေတဲ့ ကောင်လေးကို ကြည့်ရအောင် ခေါင်းကို စောင်းငဲ့လိုက်သည်။ Yi Xing က ခြေတစ်ဖက်ကို ကြမ်းပြင်ပေါ်ဆန့်ထုတ်ထားကာ နောက်တစ်ဖက်ကိုတော့ ဒူးကွေးကာ ထောင်ထားသည်။ မျက်ခွံတွေစေ့ပိတ်ပြီး ခေါင်းကကျတော့ နောက်ကတံခါးကို မှီထားကာ သူ့ဒူးခေါင်းပေါ် ညာဘက်လက်ကို ပစ်တင်ထားသေးသည်။
"မနက်ဖြန်မနက် စာကြည့်တိုက်မှူး ဒီတံခါးကို လာမဖွင့်ခင်အထိ ငါတို့ဒီတစ်ညလုံး ဒီနေရာမှာပဲ နေရတော့မယ် ထင်တယ်။"
Yi Xing နှုတ်ခမ်းလှုပ်ရုံ ပြောလိုက်တော့ သူ့ကိုကြည့်နေတဲ့ Suho ပြာသွားမိသည်။ စကားတွေကြောင့်တော့ မဟုတ်၊ Yi Xing သူ့ကို စကားပြောလာလို့ပါ။
Suho လည်ချောင်းရှင်းလိုက်သည်။
"ဘာပြောလိုက်တာလဲ..."
Yi Xing က မျက်လုံးတွေ ဆတ်ခနဲပွင့်လာကာ Suho အကြည့်တွေနဲ့ လှမ်းဆုံလိုက်တာကြောင့် Suho နေရာနည်းနည်း ရွှေ့လိုက်မိသည်။
"မင်း ဖုန်း... အခုလေးတင် Battery ကုန်သွားပြီ။
"နေဦး။ ဘာရယ်...."
"ငါကြားလိုက်တယ်။ တုန်တောင် တုန်သွားသေးတယ်။ "
Suho အိတ်ကို လှမ်းယူကာ ဖုန်းကို ဆွဲထုတ်လိုက်သည်။ ဖုန်းမျက်နှာပြင်က အခုတော့ ညသန်းခေါင်လို မှောင်မှောင်နဲ့မည်းမည်း၊ ဖွင့်မရတော့။ Suho သက်ပြင်းချမိရင်း...
BẠN ĐANG ĐỌC
Into Your Isolated World [SuLay/LayHo] MYANMAR
FanfictionJun Myeon ဆိုတဲ့နာမည်ရင်းထက် Suho ဆိုတဲ့ နာမည်နဲ့သာ လူသိများတဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်က ပါးချိုင့်လေးကို လျှိုထားပြီး ဗလာသက်သက်အကြည့်တွေနဲ့ ဖြည့်ကာထားတဲ့ မျက်ဝန်းတစ်စုံရဲ့ ပိုင်ရှင်ကောင်လေးတစ်ယောက်ကို သတိထားမိသွားတဲ့အခါမှာတော့.... သူ့ရဲ့သီးသန့်က...