Chapter 9
ဖန်စအချို့ ကျကွဲသံက Yi Xing ကို အိပ်နေရာမှ လှုပ်နှိုးလိုက်၏။ Yi Xing ထထိုင်ကာ ဦးနှောက် စတင် အလုပ်လုပ်လာအောင် စောင့်ရင်း သူ့ကိုယ်ပေါ်က အဝတ်စကို ငုံ့ငေးကာကြည့်နေမိသည်။ Suho ကို မီးဖိုချောင်ထဲ တစ်ယောက်တည်း ထားရစ်ခဲ့ပြီးတော့ သူဆိုဖာပေါ်လှဲလိုက်မိပေမဲ့ သူအိပ်ပျော်သွားတုန်းက ကိုယ်ပေါ်မှာ စောင်တစ်ထည်ရှိနေခဲ့တယ်လို့ မမှတ်မိပါ။ Suho သူ့ကို ခြုံပေးခဲ့တာများလား။
Suho?
Yixing ခုနက သူကြားလိုက်ရတဲ့ ကွဲကြေသံအကြောင်း သတိပြန်ရသွားမိတာမို့ ကိုယ်ပေါ်က စောင်ကို ဆွဲခွာကာ မတ်တပ်ထရပ်ပြီး မီးဖိုချောင်ဆီ အပြေးတစ်ပိုင်း သွားလိုက်မိသည်။ Suho ကတော့ ကြမ်းပြင်ပေါ်မှာ သွေးဆုတ်နေတဲ့ မျက်နှာနှင့်ထိုင်နေကာ သူ့လက်ချောင်းတွေက စီးကျနေတဲ့ သွေးစက်အချို့ကို ငေးစိုက်ကြည့်နေသည်။
"Suho."
ဘာမှတုံ့ပြန်ပြောဆိုမလာတဲ့ Suho ဘေးနားမှာ
YiXing ဒူးထောက်ကာ ထိုင်ချလိုက်၏။ Yi Xing သူ့ပခုံးကို ပုတ်လိုက်တော့ Suho က တွန့်ခနဲဖြစ်သွားကာ သူ့လက်ကိုစိုက်ကြည့်နေရာမှ မျက်နှာလွှဲ၍ မျက်စိစုံမှိတ်ပစ်လိုက်သည်။ လက်ကိုလည်း လက်သီးဆုပ်ပစ်လိုက်သည်။"အဆင်ပြေရဲ့လား။ လက်ကို အရင်ရေဆေးလိုက်တာပေါ့၊ ဟုတ်ပြီလား..."
Yi Xing ခပ်တိုးတိုးပြောရင်း Suho ကို ကြမ်းပေါ်မှ ဆွဲထူလိုက်ကာ လက်ဆေးစင်ဆီဆွဲခေါ်သွားပြီး ရေပိုက်ခေါင်းကို ဖွင့်လိုက်သည်။ သူ့လက်တွေပေါ်က သွေးတွေကို ရေအေးတို့ တို့ထိတိုက်ဆေးသွားတဲ့အခါ Suho က ခပ်တိုးတိုးညည်းလိုက်သည်။
Yi Xing Suho ရဲ့ လက်ကို ဆွဲယူကြည့်လိုက်ကာ သူ့လက်ပေါ်က ရှရာက အဲ့ဒီ့လောက် မကြီးဘူးဟု သိလိုက်ရသည့်အခါ သူအောင့်ထားမိတာ ဘယ်လောက်တောင် ကြာပြီမှန်းမသိသော လေပူတစ်ချက်ကို မှုတ်ထုတ်ကာ သက်ပြင်းချလိုက်မိ၏။
YOU ARE READING
Into Your Isolated World [SuLay/LayHo] MYANMAR
FanfictionJun Myeon ဆိုတဲ့နာမည်ရင်းထက် Suho ဆိုတဲ့ နာမည်နဲ့သာ လူသိများတဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်က ပါးချိုင့်လေးကို လျှိုထားပြီး ဗလာသက်သက်အကြည့်တွေနဲ့ ဖြည့်ကာထားတဲ့ မျက်ဝန်းတစ်စုံရဲ့ ပိုင်ရှင်ကောင်လေးတစ်ယောက်ကို သတိထားမိသွားတဲ့အခါမှာတော့.... သူ့ရဲ့သီးသန့်က...