A/N: Eng လိုရေးကတည်းက သိလိုက်ပါတယ်၊ လက်လွန်သွားပြီလို့ :3 ဘာသာပြန်လိုက်တော့မှ တော်တော်လက်လွန်နေတာ သတိထားမိတယ်။ ရေးနေကျတွေထက် ပိုရှည်ပါတယ်လို့။ Data ပိတ်သင့်ပိတ်ဖတ်ရအောင် ကြိုပြောပြထားတာပါ။
Chapter 5
တံခါးရဲ့ ဟိုဘက်အခြမ်းဆီက သော့အချင်းချင်း ရိုက်ခတ်ရာမှ ထွက်လာသောအသံကို Suho ကြားတော့ နှစ်နာရီလောက် ရှိသွားခဲ့ပြီ။ ပထမကတော့ အိပ်မှုန်စုံမွှား ဖြစ်နေတုန်းမို့ နားကြားမှားတာလားလို့တောင် ထင်မိသေးသည်။ Yi Xing ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ ပတ်သက်တဲ့ ကိစ္စတွေအကြောင်း တွေးရင်း အိပ်ပျော်သွားခဲ့တာဆိုတော့လေ။ ဒါပေမဲ့ သူ့နားရွက်တွေ အကြားမမှားဘူးဆိုတာကို သုဿာန်တစပြင်အလား တိတ်ဆိတ်နေတဲ့ စာကြည့်တိုက်ခန်းကျယ်ကြီးထဲ ကျယ်လောင်စွာ ပဲ့တင်ထပ်သွားစေတဲ့ သစ်သားတံခါးကျယ်ကြီးရဲ့ ခပ်တိုးတိုးပွင့်ဟသံက အတည်ပြုပေးလိုက်သည်။
Suho က တကယ်တော့ အံ့ဩမင်သက်နေဖို့ ကောင်းပေမဲ့ သူနဲ့ရင်းနှီးနေတဲ့မျက်နှာတွေကို မြင်လိုက်ရတဲအခါ သူမအံ့ဩမိ။ Min Seok က စိုးရိမ်ဟန်နှင့် မျက်မှောင်ကုတ်ကုတ် မျက်နှာထားနှင့် ရှိနေကာ Jong Dae ကတော့ တည်ငြိမ်နေတဲ့ poker face ကြီးနဲ့။ ဒါတောင်မှ ရယ်ချင်စိတ်ကို မနည်းထိန်းထားရတဲ့ ပုံစံနဲ့ သူ့နှုတ်ခမ်းထောင့်တွေက ကွေးလုမတတ်ဖြစ်နေသည်။ နှစ်ယောက်လုံးက တက္ကသိုလ်ရဲ့ ညစောင့်ဖြစ်ဟန်ရတ၊ဲ့ Suho မြင်ရုံမြင်ဖူးတဲ့ အစောင့်ဘေးနားမှာ ရပ်နေသည်။
"Hey, Jun."
Jong Dae က ရယ်ချင်တာကို မနည်းထိန်းနေရဟန် ပေါက်နေတဲ့ မျက်ဝန်းတွေနဲ့ကြည့်ရင်း လက်ပြ နှုတ်ဆက်သည်။
"အတွေ့အကြုံ အသစ်လေး ဘယ်လိုနေလဲ၊ ဟင်?"
"မင်း အဆင်ပြေပါတယ်နော်။"
YOU ARE READING
Into Your Isolated World [SuLay/LayHo] MYANMAR
FanfictionJun Myeon ဆိုတဲ့နာမည်ရင်းထက် Suho ဆိုတဲ့ နာမည်နဲ့သာ လူသိများတဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်က ပါးချိုင့်လေးကို လျှိုထားပြီး ဗလာသက်သက်အကြည့်တွေနဲ့ ဖြည့်ကာထားတဲ့ မျက်ဝန်းတစ်စုံရဲ့ ပိုင်ရှင်ကောင်လေးတစ်ယောက်ကို သတိထားမိသွားတဲ့အခါမှာတော့.... သူ့ရဲ့သီးသန့်က...