Chapter 11

5.4K 573 71
                                    

Chapter 11

သူ Suho ရဲ့ အချစ်​ကို လက်​ခံလိုက်​ပြီးသည့်​​နောက်​​တော့ အရာအားလုံးက သာယာကြည်​နူးဖွယ်​အတိ ဖြစ်​​နေခဲ့သည်​။

ရယ်​စရာ​ကောင်းတာက​ Yi Xing Suho ကို မြင်​တိုင်း သူ့ရင်​ထဲမှာ လိပ်​ပြာ​တောင်​ပံခတ်​သလို တလှပ်​လှပ်​​ဖြစ်​​နေတာကို ခံစား​နေရတာပါပဲ။ သူက​တော့ Suho က သူ့ရည်းစားမို့လို့ပါ ဆိုပြီး ခံယူလိုက်​တာပါပဲ။ အဲ့ဒါထက်​လည်း ပိုချင်​ပိုမှာ​ပေါ့​လေ။ ဘယ်​လိုပဲဖြစ်​ဖြစ်​ အဲ့ဒါထက်​ပိုနိုင်​တယ်​ဆိုတာကို​တော့ သူဖုံးကွယ်​ထားမိသည်​။

သူတို့ ချစ်​သူရည်းစားဘဝ တိတိကျကျ ​ရောက်​တာကို Chen ဘယ်​နည်းနဲ့ သိသွားသလဲမသိ​၊ တက္ကသိုလ်​ဝန်းတစ်​ခုလုံးကို​​တော့ လူသတင်းလူချင်း​ဆောင်​​ပေးလိုက်​သည်​။ ဤသို့ဖြင့်​ သူတို့ကို မုန်းတဲ့သူ​တွေ​ရော၊ အချင်းချင်းတွဲ​ပေး​သော shipper အချို့ပါ​ပေါ်လာခဲ့သည်​။

အချိန်​​တွေ ကြာလာတာနှင့်​အမျှ Suho ဘယ်​​လောက်​ထိ​ စိတ်​ကူးယဉ်​ဆန်ကာ ဘယ်​​လောက်​ထိ romantic ဆန်​လဲဆိုတာပါ Yixing သိလာရသည်​။ အဲ.. romantic ဆန်​တယ်​ဆိုတာထက်​ romantic ဆန်​​အောင်​ ကြိုးစားတယ်​ဆိုရင်​ ပိုမှန်​ပါလိမ့်​မည်​။

~•~

Suho တစ်​​ခေါက်​က Yi Xing သွားရတာကြိုက်​တဲ့ ​နေရာ​တွေနဲ့ ပတ်​သက်​ပြီး Kris နှင့်​ Tao နှင့် 'တိုးတိုးတိတ်​တိတ်​' စကားလက်​ဆုံကျမိဖူးသည်​။ တစ်​ခါတည်းပါ။ တစ်​ခါတည်းပဲ ​မေးဖို့ကြိုးစားမိခြင်းပင်​။

"Amusement park?" Suho က သူ့​ရှေ့က Tao ကိုကြည့်​ရင်း မယုံကြည်​နိုင်​သလို သံ​ယောင်​လိုက်​သည်​။

"ဟုတ်​တယ်​။"

"ဘာလို့လဲ... Yi Xing က အခု မ​ပျော်​လို့ amusement park ဆီသွားဖို့ လုပ်​​နေရတာလား..."

"မဟုတ်ဘူး​​လေ ​Hyung,"

Zi Tao ကိုယ့်​မျက်​နှာကိုယ်​ လက်​နှင့်​ရိုက်​မိမတတ်​ ဖြစ်​သွားသည်​။

"ကျွန်​​တော်​က Yi Xing Ge က amusement park ​တွေကိုကြိုက်​တတ်​လို့ ​ခေါ်သွားဖို့ ​ပြော​နေတာ။"

Into Your Isolated World [SuLay/LayHo] MYANMARWhere stories live. Discover now