Chapter 6
Yi Xing က Suho ကို ခဏတာ စိုက်ကြည့်နေပြီးမှ ထိုင်နေရာကနေ မတ်တပ်ထရပ်လိုက်သည်။
"မင်းနောက်နေတာ မဟုတ်လား။ မင်းပြောတဲ့စကားတွေက... ကြောင်တောင်တောင်နဲ့။ Drama ကားထဲက စာသားတွေအတိုင်းပဲ။"
"Mood ကို ဖျက်ဆီးတဲ့နေရာမှာ အရမ်းတော်တာပဲနော်။ ခေါင်းမာတဲ့ အရူးရဲ့..."
Suho က ပြောရင်ဆိုရင်း မတ်တပ်ထရပ်လိုက်သည်။
"ငါနောက်နေတာ မဟုတ်ဘူး၊ မင်းရဲ့လက်ပေး..."
"ဘာ? ငါ့ရဲ့လက်?"
"ဟုတ်တယ်လေ၊ မင်းရဲ့လက်။"
Suho က ရှေ့တစ်လှမ်းတိုးလာရင်း သူ့လက်ကို ဆုပ်ကိုင်လိုက်သည်။ သူတို့လက်တွေ ထိသွားတဲ့အခါ Yi Xing က ခပ်တိုးတိုး ညည်းကာ Suho လက်ကို သူ့လက်နှင့် ရိုက်ဖယ်လိုက်လေသည်။
"မင်းဘာလုပ်နေတယ် ထင်နေတာလဲ။ မလုပ်နဲ့..."
"ငါက ငါလုပ်သင့်တာကို လုပ်နေတာလေ။"
Suho က ရှေ့တိုးလာပြန်ပြီး Yi Xing ရဲ့ ညာလက်ကို ကိုင်ကာ သူတစ်ချက်တွန့်သွားချိန်မှာပဲ အင်္ကျီလက်အစကို အပေါ်ဆွဲတင်လိုက်သည်။
"နာတယ်မဟုတ်လား။ အစကတည်းက ဘာလို့ လုပ်သေးလဲ... တကယ်ပါပဲ။"
Suho သတိမလစ်သွားအောင် ကိုယ့်ကိုယ်ကိုထိန်းရင်း ပြောလိုက်သည်။ Yi Xing ရဲ့ လက်ဖျံပေါ်မှာ ရှိနေတဲ့ မညီမညာ ကွဲကြောင်းအသစ်တွေ အများကြီးဆီကနေ သွေးတွေစိမ့်ထွက်နေသည်။ အဲ့ဒါကြောင့်လည်း လက်ဖျံအင်္ကျီစမှာ စွန်းရုံမကဘဲ လက်ဖဝါးအထိ စီးကျလာတာပေါ့။ ဓားရာတွေက ပိုက်ကွန်လိုတောင် အကွက်တွေ ဖြစ်နေပြီ။ Suho ရဲ့ မျက်နှာ မပြောစလောက်လေး ဖြူဆုတ်သွားသည့်တိုင် နောက်လက်ဖျံက အင်္ကျီစကိုပါ Suho ဆွဲတင်ကြည့်လိုက်သည်။
"အခုချက်ချင်း ရပ်တော့။"
Yi Xing ကြည့်ရတာ အသက်ရှူမဝတဲ့ပုံ။ သွေးထွက်ထားတဲ့အပြင် အိပ်ရေးပျက်တဲ့ညတွေလည်း များထားတဲ့အတွက်ကြောင့် ဖြစ်နိုင်သည်။ သူက Suho ရဲ့ လက်မောင်းကို လက်နဲ့ ဆုပ်ကိုင်ကာ အနားကို ထပ်မကပ်လာနိုင်အောင် Suho ကို တွန်းလိုက်၏။
YOU ARE READING
Into Your Isolated World [SuLay/LayHo] MYANMAR
FanfictionJun Myeon ဆိုတဲ့နာမည်ရင်းထက် Suho ဆိုတဲ့ နာမည်နဲ့သာ လူသိများတဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်က ပါးချိုင့်လေးကို လျှိုထားပြီး ဗလာသက်သက်အကြည့်တွေနဲ့ ဖြည့်ကာထားတဲ့ မျက်ဝန်းတစ်စုံရဲ့ ပိုင်ရှင်ကောင်လေးတစ်ယောက်ကို သတိထားမိသွားတဲ့အခါမှာတော့.... သူ့ရဲ့သီးသန့်က...