Chapter 2

6.3K 751 11
                                    

Chapter 2

"Yi Xing!"

သူ့နာမည်ကို ​​​ကြားလိုက်​တာနဲ့ Suho ​ခေါင်းက စာအုပ်​​တွေ ထည့်​​နေရာ ​ရှေ့က locker ဆီက​နေ အလိုလိုကို လှည့်​ပြီးလျက်​သား... သူ့နာမည်​ကို ​ခေါ်လိုက်​သူက​တော့ Zi Tao ဆိုတဲ့တစ်​​ယောက်​ပါ။ နာမည်​​ခေါ်ရုံတင်​မက လက်​က​လည်း တစ်​​ယောက်​​ယောက်​ကို လက်​ပြ​နေသလို ခါ​ယမ်း​နေ​သေးသည်​။

သူလက်​ပြ​နေရာဘက်​ဆီ Suho လှမ်း​ကြည့်​မိ​တေဏဏာ့ အပြုံး​လေးတစ်​ခုနဲ့အတူ ​​ကျောင်းစာသင်​ခန်း​တွေဆီသွားတဲ့ လမ်း​အတိုင်း​ လျှောက်​လာ​နေတဲ့ Yi Xing ကို​တွေ့လိုက်​ရသည်​။ သူ့လိုလူက ပြုံး​နေတယ်​တဲ့​လေ... Suho ကိုယ့်​မျက်​လုံးကိုယ်​ ယုံ​တောင်​မှမယုံနိုင်​ပါ။

Yi Xing ရဲ့ ပါးပြင်​​ပေါ်က ပါးချိုင့်​​လေးကို အတိုင်းသား မြင်​​နေရသည်​။ သူ့မျက်​နှာက ​စိတ်​လန်း​​နေပုံရတာ​ကြောင့်​ ကြည်​လင်​​နေတယ်​ ဆို​ပေမဲ့လည်း Suho ကြည့်​ရသ​လောက်​​တော့ အိပ်ချင်​မူးတူး ဖြစ်​​နေ​သေးတဲ့ ပုံစံ။

Zi Tao က Suho ​ဘေးက ဖြတ်​ပြီး​တော့ Yi Xing ရှိ​နေရာဆီ ​လျှောက်​သွားသည်​။ Yi xing ရဲ့ လက်​​မောင်းကို Tao က ဆွဲလိုက်​​တော့ ခုနက Yi Xing ရဲ့ မျက်​နှာ​ပေါ်ရှိ​နေတဲ့ အပြုံး​လေးက ချက်​ချင်းပဲ ကြက်​​ပျောက်​ငှက်​​ပျောက် ပျောက်​သွားသည်​။ ဘာ​ကြောင့်​ရယ်​​တော့ မဟုတ်​ဘဲ သူပြုံး​နေမိတာ သူ့ကိုယ်​သူ သတိထားမိသွားလို့ ဖြစ်​နိုင်​ပါသည်​။

"ဒီ​တော့... ဒီ​နေ့မနက်​ ​ဘာဖြစ်​လာလို့လဲ။"

Tao အသံကြားတာနဲ့ Suho ကိုယ့်​​ခေါင်းကိုယ်​ locker ဘက်​ ပြန်​လှည့်​လိုက်​မိသည်​။ သူ သူများစကား​ပြော​နေတာကို ခိုးနား​မ​ထောင်​ချင်​ဘူး​လေ။ ဒါ​ပေမဲ့လည်း ခက်​တာက သူနားမ​ထောင်​လည်း ​ကောင်​​လေးနှစ်​​ယောက်​ရဲ့ အချီအချ​စကားပြောသံကို ကြား​နေရတာပါပဲ။ ​သူတို့​တွေက ကိုရီးယားလို ​ပြော​နေတာကိုး။ တရုတ်​လိုမဟုတ်​ဘဲ ကိုရီးယားလို ​ပြော​နေတာ​လေ။ တရုတ်​လူမျိုး ​ကောင်​​လေးနှစ်​​ယောက်​က သူတို့ရဲ့ မိခင်​ဘာသာစကားနဲ့ စကားမ​ပြောဘဲ ကိုရီးယားစကားနဲ့ ​ပြောသတဲ့... ထူး​ထွေတည့်​အံ့ရာ​သော်​ပါပဲ။

Into Your Isolated World [SuLay/LayHo] MYANMARWhere stories live. Discover now