Chapter 2.5
Yi Xing's POV
#
"အင်း... နင်ဘာဆုတောင်းလဲ..."
သူက ကျွန်တော့်လက်မောင်းတွေကို ဆုပ်ကိုင်ရင်း မေးလာသည်။
"နင်ရော..."
ကျွန်တော် ပြန်မေးမိလိုက်တယ်။ အသံကတော့ မျက်ရည်တွေ၊ ရင်ထဲက နာကျင်မှုတွေနဲ့ ရောနှောကာ တော်တော်ကို တုန်နေမယ်ထင်သည်။
"ပြောပြလိုက်ရင် မပြည့်တတ်ဘူးဟ။ ဒါပေမဲ့..."
Xue Lian က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်တယ်။ သူအသက်ကို ခက်ခက်ခဲခဲ ရှူနေရတာကို ကျွန်တော်မုန်းတယ်။ တကယ်ကို မုန်းတာပါ။ သူ့ရဲ့ သရုပ်ဆောင်ချက်တွေကို မရိပ်မိခဲ့တဲ့ ကျွန်တော်က အရူးတစ်ယောက်လိုပဲဆိုတာ တွေးမိတိုင်း ကျွန်တော့်ရင်ထဲ နာကျင်လာတယ်။
"နင်တကယ့်အချစ်စစ်ကို ရှာတွေ့ပါစေလို့လေ။"
#Ends
ကျွန်တော် နိုးလာခဲ့တယ်။ အနှိုးခံလိုက်ရတာဆို ပိုမှန်မလားပဲ။ တကယ်လို့ "ဘယ်သူက နှိုးတာလဲ" လို့များ တစ်ယောက်ယောက်က မေးလာခဲ့မယ် ဆိုရင်တော့ ကျွန်တော့်မှာ အဖြေရယ်လို့ တိတိကျကျ မရှိပါဘူး။ ကျွန်တော့်ကို နှိုးလိုက်တဲ့သူက ကျွန်တော့်မျက်နှာ တည့်တည့်ကို ရုတ်တရတ် တိုးဝင်တိုက်ခတ်လိုက်တဲ့ လေအေးအေး ဖြစ်နိုင်တယ်လေ။ ဒါမှမဟုတ်လည်း ကျွန်တော့်ကို ဝိညာဉ်တစ်ခုက ပါးရိုက်လိုက်တာ ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဟုတ်လား။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က အသုံးမကျတဲ့ ငတုံးတစ်ကောင် မို့လို့ပါပဲ။
ကျွန်တော် ထထိုင်လိုက်တယ်။ ရှပ်အင်္ကျီအောက်က တစ်ကိုယ်လုံးလည်း ချွေးစက်တွေနဲ့ ဖုံးလွှမ်းလို့... စားပွဲတင်နာရီကတော့ မနက် သုံးနာရီ နှစ်ဆယ့်ရှစ်မိနစ်ကို ညွှန်ပြလျက်... ကျွန်တော့်ရဲ့ အသက်ရှူသံတွေက လွဲရင် ကျွန်တော့်နေထိုင်တဲ့ တိုက်ခန်းလေးက တိတ်ဆိတ်လို့နေတယ်။
YOU ARE READING
Into Your Isolated World [SuLay/LayHo] MYANMAR
FanfictionJun Myeon ဆိုတဲ့နာမည်ရင်းထက် Suho ဆိုတဲ့ နာမည်နဲ့သာ လူသိများတဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်က ပါးချိုင့်လေးကို လျှိုထားပြီး ဗလာသက်သက်အကြည့်တွေနဲ့ ဖြည့်ကာထားတဲ့ မျက်ဝန်းတစ်စုံရဲ့ ပိုင်ရှင်ကောင်လေးတစ်ယောက်ကို သတိထားမိသွားတဲ့အခါမှာတော့.... သူ့ရဲ့သီးသန့်က...