Chapter 4.5

4.6K 551 14
                                    

Chapter 4.5

ညက စိမ့်​​အေးရုံတင် မကဘဲ ​သွေးခဲ​လောက်​​အောင်​ကို ​အေးစက်​​နေတာပါ။

အ​​အေးဓာတ်​​ကြောင့်​ ထုံတုံတုံ ဖြစ်​စပြု​နေတဲ့ ​ခြေ​ထောက်​​တွေကို Suho ဆန့်​လိုက်​ကာ စတင်​နှိပ်​နယ်​​ပေးလိုက်​သည်​။ ​ခြေ​ထောက်​က ​ထုံ​နေလိုက်​တာမှ အခုချိန်​ တစ်​​ယောက်​​ယောက်​သာ Suho ​ခြေ​ထောက်​ကို ဖြတ်​ယူသွားမယ်​ဆိုရင်​​တောင်​ Suho သိလိုက်​မှာမဟုတ်​ပါ။

Yi Xing က​တော့ သူ့​ဘေးမှာ အိပ်​​နေတုန်း။ သူ့အ​နွေးထည့်​ကြည့်​ရတာ ​တော်​​တော်​​နွေးမဲ့ပုံ​ပေါက်​တာ​ကြောင့်​ Suho ​လောက်​ အ​အေးဓာတ်​ကို ခံစားမိမှာမဟုတ်​တာ မဆန်း။ Suho ​ခြေ​ထောက်​​တွေကို ထုံ​နေရာမှ ​သွေးပြန်​စီးကာ အသက်​ဝင်​လာ​အောင်​ အ​ကြော​တွေဆန့်​​ပေးပြီးတဲ့​နောက်​မှ Yi Xing ရဲ့ ပခုံး​တွေဆီ လက်​လှမ်းကာ သူ့အင်္ကျီစ​ပေါ်ကို လက်​​ချောင်း​တွေနှင့်​ လှမ်းပုတ်​လိုက်​မိ၏။

"Yi Xing, hey."

"ဟင်​... အင်​..."

Yi Xing က ရုတ်​တရတ်​ ခုန်​ထမတတ်​ ဖြစ်​ကာ နိုးလာသည်​။ သူ့မျက်​ဝန်း​တွေက မျက်​ရည်​​တွေဝဲ​နေ​ပေမဲ့ စူးရှထက်​မြက်​လို့။ အိပ်​ချင်​မူးတူး ဖြစ်​မ​နေပုံ​ပေါက်​​တော့ ကြည့်​ရ​တာ ​ကောင်း​ကောင်းမအိပ်​ခဲ့ရဘူး ထင်​ပါသည်​။

"အရမ်း​အေး​​နေ​တော့ မင်းကြမ်းပြင်​​ပေါ်မှာ ဆက်​မအိပ်​သင့်​ဘူးထင်​လို့။ ငါ​တောင်​မှ ​ခြေ​ထောက်​​တော်​​တော်​ကျဉ်သွားတယ်​။ အဲ့ဒါနဲ့ပဲ ငါမင်းကို နှိုးလိုက်​တာ။ စိတ်​မရှိဘူး မဟုတ်​လား..."

Yi Xing က Suho ​ဖြေရှင်းချက်​ကြား​တော့ ​ခေါင်းကိုခါလိုက်​၏။

"ဟင့်​အင်း။ မရှိပါဘူး။ အဆင်​​ပြေပါတယ်​။"

Yi Xing က​ပြောရင်း Suho အနား ​ရွှေ့ကာ တံခါး​ပေါက်​​ပေါ် ​ကျောမှီလိုက်​ရင်း မျက်​ဝန်း​တွေ ပိတ်​လိုက်​ပြန်​သည်​။ သူ့အသက်​ရှူသံက မတည်​မငြိမ်​။

"အိပ်​မက်​ဆိုးမက်​လို့လား။"

Yi xing ရဲ့ မျက်​လုံး​တွေ ပြန်​ဖွင့်​လာသည်​။

Into Your Isolated World [SuLay/LayHo] MYANMARTempat cerita menjadi hidup. Temukan sekarang