Chapter 7
"မနေ့က မင်းနဲ့သူနဲ့ ဘာတွေဖြစ်ခဲ့သေးလဲ..."
Jong Dae က မေးခွန်းထုတ်လိုက်သည်။
"ဘာမှမဖြစ်ဘူး။"
Suho ဖြေပြီး ကန်တင်းရဲ့ တစ်ဖက်ကို လှမ်းကြည့်ဖို့ နောက်ကိုလှည့်လိုက်သည်။ Yi Xing က သူထိုင်နေကျ နေရာမှာ Tao နဲ့အတူတူရှိနေ၏။ Kris ကိုတော့ အရိပ်အရောင်တောင် မမြင်ရ။ သူတို့ဒီနေ့မျက်နှာချင်း မဆိုင်ဖြစ်ကြပါ။ ပြီးတော့ Suho လည်း တစ်ယောက်တည်း မနေ့ကအကြောင်းတွေ ပြန်စဉ်းစားမိပြီး မျက်နှာပူနေတာကြောင့် သူတို့ဘေးမှာလည်း သွားမထိုင်ရဲဘူးလေ။ ဒီတော့လည်း ဟိုးအရင်နေ့တွေလိုပဲ MinSeok, JongDae နဲ့ BaekHyun ဘေးနားမှာပဲပေါ့။
"တကယ်လား။ တော်တော်ထူးဆန်းတာပဲ..."
"ငါက မင်းလို နှာဘူးမဟုတ်တော့ အဲ့ဒီ့လောက် မထူးဆန်းဘူး သိလား Jong Dae. ငါ့စိတ်က သန့်သန့်လေး။"
"ပြီးတော့ မင်းက Virgin မဟုတ်လား။"
Suho Jong Dae ကို စိုက်ကြည့်လိုက်သည်။
"မင်းအဲ့ဒါကို ထပ်ပြောရဲပြောကြည့်။ မင်းကို မာရ်နတ်ဆီ ယဇ်ပူဇော်ပစ်မယ်။"
"ဪ... ခြိမ်းခြောက်တာကလည်း ကြောက်စရာကြီးပါလား။ အဲ့ဒီလိုလုပ်ရင် နာမှာလားဟင်။"
"မင်းလည်ပင်းကို ဖြတ်တဲ့အချိန်ကျရင် သိလိမ့်မှာပေါ့။"
Jong Dae က ရယ်ရင်း Suho နောက်ကို လှမ်းကျော်ကြည့်သည်။
"ဒါနဲ့... မင်း Yi Xing ကို ဘယ်လိုထင်လဲ။"
Suho မျက်မှောင်ကြုတ်လိုက်သည်။
"သူဒီဘက်ကို လာနေတာလား..."
Jong Dae က သူ့ရဲ့ အကွက်ချလုပ်ကြံမှု မအောင်မြင်တာလိုက်ကို စိတ်ပျက်သွားသလို ညည်းလိုက်ချိန်မှာ Min Seok ကတော့ အရယ်မရပ်နိုင်တော့ဘဲ ရှိနေသည်။ Baek Hyun ကတော့ သွားကြီးဖြီးရင်း Jong Dae ပခုံးကို ပုတ်နေလေသည်။ Suho နောက်လှည့်ကြည့်လိုက်တော့ Yi Xing ကသူ့နောက်မှာ မတ်တပ်ရပ်နေလေသည်။
KAMU SEDANG MEMBACA
Into Your Isolated World [SuLay/LayHo] MYANMAR
Fiksi PenggemarJun Myeon ဆိုတဲ့နာမည်ရင်းထက် Suho ဆိုတဲ့ နာမည်နဲ့သာ လူသိများတဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်က ပါးချိုင့်လေးကို လျှိုထားပြီး ဗလာသက်သက်အကြည့်တွေနဲ့ ဖြည့်ကာထားတဲ့ မျက်ဝန်းတစ်စုံရဲ့ ပိုင်ရှင်ကောင်လေးတစ်ယောက်ကို သတိထားမိသွားတဲ့အခါမှာတော့.... သူ့ရဲ့သီးသန့်က...