FINALE

8.2K 670 104
                                    

FINALE

လေပြည်​များ​၏ ပ​ယောဂ​ကြောင့်​ သူတို့၏ အင်္ကျီအနားစွန်း​တွေက ​နေ​ခြည်​​တောက်​​တောက်​​အောက်​မှာ လွင့်​လျက်​ရှိ​နေကြသည်​။ Yixing က တိတ်​ဆိတ်​​နေသလို Suho ကလည်း အတူတူပင်။

မိနစ်​အနည်းငယ်​အကြာမှာ​တော့ သူတို့​တွေ ​ဆေးရုံအနီး ​အောန်​​ဂျူလမ်းနားမှ ပန်းခြံတစ်​ခုဆီသို့ ​ရောက်​သွားကြသည်​။

Yixing က ခုံတန်းလျားတစ်​ခုမှာ အရင်​ဆုံးထိုင်​ချလိုက်​သည်​။ ပြီး​တော့ သူ့​ဘေးနားက ​နေရာလွတ်​ကို ပုတ်​ပြသည်​မို့ Suho ဝင်​ထိုင်​ရင်း ဘယ်​အချိန်​တည်းက ​အောင့်​ထားမိမှန်းမသိ​သော ​လေပူတစ်​ချက်​ကို မှုတ်​ထုတ်​မိလိုက်၏။ Yixing ရဲ့ လက်​​ချောင်း​တွေက ​ချွေးစ​တွေနှင့်​ ​ရော​ထွေး​နေ​သော Suho ဆံပင်​​တွေကို သပ်​လိုက်​​လေသည်​။ Suho တစ်​ချက်​လှည့်​ကြည့်​လိုက်​​တော့ Yi Xing က သူ့ကို စိုက်​ကြည့်​​နေသည်​။

"အဲ့ဒီ့ပုံပြင်ရဲ့အစက နှစ်​​​တော်​​တော်​​တော့ကြာပြီ"

Yi Xing က သူ့လက်​ကို ပြန်​ရုတ်​လိုက်​၏။

"Yi Xing ဆိုတဲ့ Changsha က ​ကောင်​​လေးတစ်​​ယောက်​က သူ့အ​မေရဲ့ အလုပ်​ကိစ္စ​ကြောင့်​ ​ပေကျင်းကို ​​ရောက်​လာခဲ့တယ်​​လေ။ ပြီး​တော့ ​ပေကျင်းမှာပဲ သူနဲ့ ​ကောင်​မ​လေးတစ်​​ယောက်​နဲ့ သူငယ်​ချင်း​တွေ ဖြစ်​လာခဲ့တယ်​"

Yi Xing က တစ်​ခါမှ သူ့ကိုယ်​သူ တတိယလူ​သ​ဘောမျိုးထားပြီး စကားမ​ပြောဖူးပါ။ Yixing စကားဆက်​​တော့ Suho က သူ့မျက်​ဝန်း​တွေထဲ ​ငေးကြည့်​​နေမိသည်​။

"သူတို့က သူငယ်​ချင်း​တွေအဖြစ်​နဲ့ နှစ်​​ပေါင်းများစွာ ကြီးပြင်းလာကြတယ်​တဲ့။ ​ကျောင်းအတူတူသွားကြတယ်​။ အတူတူ ကစားကြတယ်​။ အတူတူစားကြတယ်​....."

Yi Xing က စကားစရပ်​လိုက်​ပြန်​ကာ အ​ဝေးကို ​မျှော်​ကြည့်​လိုက်​သည်​။ သူ့မျက်​ဝန်း​တွေက ခုနကကလို နူးညံ့မ​​နေ​တော့။ ​ဗလာမျက်​ဝန်း​တွေလို ဖြစ်​​နေသည့်တိုင် မျက်​လုံး​တွေထဲမှာ တင်းမာသလို အရိပ်​တစ်​ခုကို မြင်​​နေရဆဲ။

Into Your Isolated World [SuLay/LayHo] MYANMAROù les histoires vivent. Découvrez maintenant